အပိုင်း (၃၄)

101 9 0
                                    

Unicode

ဤကမ္ဘာလောကသို့ ရောက်ရှိပြီးသည့်အချိန်မှစလို့
လင်ဖန်မှာ တွေးတောပူပန်မနေတော့ပေ။ စွမ်းအားအကြီးဆုံးသူသာလျှင် အရှင်သခင်ဖြစ်ထိုက်သည်မဟုတ်ပါလော။ ဒါကြောင့် လင်းဖန်မှာလည်း မိမိရဲ့ထူးခြားလှသော ဒေတာစနစ်ရဲ့ စွမ်းရည်ဖြင့် မိမိရဲ့ ကိုယ်ပိုင်စွမ်းအားများအား မဖြစ်မနေပင် မြှင့်တင်ရပေမည်ဖြစ်ပါတယ်။ ဒါ့အပြင် အခု အခြေအနေကိုအား လင်းဖန် လက်လွှတ်မခံနိုင်ပေ။ ဆာလောင်နေသောအချိန်၌ အနံ့အရသာဖြင့် ပြည့်စုံနေသောခဲဖွယ်ဘောဇဉ်တို့အား အဆင်သင့်စားသုံးရန် ပြင်ဆင်ပေးရုံသာမက အလှမဒီပျိုလေးများက စားသုံးရန်ခွံ့၍ ပေးနေသည်ကို ငြင်းနေမည်ဆိုပါက အမှန်ပင်ရိုင်းရာကျပေလိမ့်မယ်။

ကျနော်တို့ရဲ့ ဇာတ်လိုက်ကျော်လင်းဖန်ကဲ့သို့ အင်မတန်မှ ယဉ်ကျေးပျူငှာလှသော သူရဲကောင်းတဦးအဖို့မူ မည်သို့ပင် ငြင်းပယ်၍သင့်ပေလိမ့်မည်နည်း။  မိုယီရွှမ်းနှင့် နီမန်တျန်းတို့ နှစ်ဦးမှာကား ပတ်ဝန်းကျင်ကိုပင် အာရုံမထားနိုင်ပဲ ကိုယ့်ဟာကိုသာလျှင့် ကုသလို့ နေကြပါတယ်။ အဲ့ဒီအချိန်မှာပဲ အင်မတန်ဝမ်းသာအားရစွာဖြင့် အော်ဟစ်လိုက်သော
အသံကိုကြားလိုက်ရပါတယ်။

"ဘိုးဘိုးကြီး......လာပြီဟေ့...."

အဲ့ဒီအခါ  မိုယီရွှမ်းမှ မျက်လုံးအားဖွင့်၍ ကြည့်လိုက်ကာ သူတို့ထံသို့ပြေးဝင်လာသော လူတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။ မိုယီရွှမ်းမှာ ဤကဲ့သို့သေရေးရှင်ရေး အရေးကြီးချိန်ရောက်မှ လူတစ်ယောက်ရောက်လာသဖြင့် အမှန်ပင်ဝမ်းသာသွားပါတယ်။ ဘာကြောင့်လဲဆိုတော့ မိုယီရွှမ်းမှာ အနှိုင်းမဲ့မိစ္ဆာဂိုဏ်းမှ ဂိုဏ်းဝင်တစ်ဦး ဖြစ်လေသောကြောင့်တည်း။

အနှိုင်းမဲ့မိစ္ဆာဂိုဏ်းမှာ လူများအား သွေးဆောင်ဖျားယောင်းရာ၌အမှန်ပင် ထူးချွန်လှသည်မဟုတ်ပါလား။ အဲ့ဒီဂိုဏ်းမှ ဂိုဏ်းဝင်များမှာ လူများအား သွေးဆောင်ဖျားယောင်းရာ၌ တလောကလုံးတွင် ဒုတိယအဆင့်ရှိသည်ဟုပြောစေကာမူ မည်သူမျှ ပထမအဆင့်အား ရယူလိမ့်မည်မဟုတ်ပေ။ ဤမျှအထိပင် ကျော်ကြားလှပါပေတယ်။

အသန်မာဆုံးသောစနစ် (လင်းဖန်)Where stories live. Discover now