အပိုင်း (၂၂)

104 8 0
                                    

Unicode

အပိုင်း_၂၂: လက်နက်အရောင်းသမားအဖြစ် မွေးဖွားလာခြင်း

"၉-၅ အုပ်နီခဲ"

"အရှည် 9cm ၊ အကျယ် 5cm"

အကြမ်းဖျင်း အသုံးဝင်မှု: အဆောက်အဦး ဆောက်ရာ၌ အသုံးပြုသော အခြေခံပစ္စည်းဖြစ်သည်။

အဆင့်အတန်း: ဒဏ္ဍာရီလာ လက်နက်

ထိရောက်မှု: အုတ်ခဲတစ်လုံးဖြင့် ကမ္ဘာကြီးအား ကိုင်လှုပ်နိုင်သည်။ မည့်သည့်ပညာနှင့်မျှ ခုခံကာကွယ်မရ။ ဦးခေါင်းအား တစ်ချက်မျှထိရုံဖြင့် 100% သတိမေ့ရန်သေချာသည်။ သတိမေ့ချိန်မှာ 1မိနစ်သာဖြစ်သည်။ အကြိမ်ကြိမ်အသုံးပြု၍ရသည်။ ဦးခေါင်းမှလွဲ၍ ကျန်ခန္ဓာကိုယ်အစိတ်အပိုင်းများတွင် ထိရောက်မှုမရှိ။

ဖော်ပြချက် : ဒဏ္ဍာရီလာ လက်နက်များသည်။အကြောင်းတစ်စုံတစ်ရာကြောင့် ရရှိခြင်းဖြစ်သည်။ဖန်တီး ၍ ရသောအမျိုးအစားမဟုတ်။

လင်းဖန်မှာ ဒေတာစနစ်မှ ဖော်ပြသော ဒဏ္ဍာရီလာ လက်နက်ဆန်း၏ အချက်အလက်များကို ကြည့်ကာ အံ့သြမှင်သက်သွားပါတယ်။ ဒဏ္ဍာရီလာ လက်နက်ဆန်းသည် အစွမ်းသိပ်မရှိသော်လည်း ထိရောက်မှုမှာ အလွန်ကောင်းမွန်ပါတယ်။ ဤလက်နက်ဆန်းမှာ ထပ်ခါထပ်ခါ အသုံးပြုရုံသာမက ဦးခေါင်းအား
ထိမှန်မိပါက ရာနှုန်းပြည့် မေ့မြောသွားနိုင်ပါတယ်။ ဤအုတ်ခဲဖြင့်အတိုက်ခံရသူသည် လင်းဖန်မှ အပစ်မရပ်မခြင်း သတိရမည် မဟုတ်ပေ။ လင်းဖန်သဘောကျသောအချက်မှာ ဦးခေါင်းအား ထိမှန်ရုံဖြင့် မေ့မြောသွားခြင်းဖြစ်ပါတယ်။ သံမဏိသာမက သံမဏိဘိုးအေ ဖြစ်စေကာမူ ဤအုတ်ခဲထိမှန်ရုံဖြင့်
မေ့မြောသွားမည်သာ ဖြစ်ပါတယ်။

"သိပ်ကောင်း....သိပ်ကောင်းပါလားဟ....."

ထို့နောက် လင်းဖန်မှာ ထိုလက်နက်ဆန်းအား အလွန်ပင် စမ်းသပ်ကြည့်ချင်လာပါတယ်။ ဒေတာစနစ် မှားယွင်းဖော်ပြပါက ခံရမည့်သူမှာ မိမိပင်ဖြစ်ကြောင်း သဘောပေါက်မိပါတယ်။ ထို့အပြင်
မိမိ၏《ထာဝရ နတ်ဆိုးခန္ဓာကိုယ်》ကျင့်စဉ်၏ ခံနိုင်ရည်အားကိုလည်း သိချင်သောကြောင့် ပွဲဦးထွက်အနေဖြင့် မိမိကိုယ်ကို စမ်းသပ်ရန် ဆုံးဖြတ်လိုက်ပါတယ်။ ထိုမှသာ လက်နက်ဆန်း၏ အစွမ်းအား
သိရှိနိုင်မည် မဟုတ်ပါလား။

အသန်မာဆုံးသောစနစ် (လင်းဖန်)Where stories live. Discover now