အပိုင်း (၂၀)

107 8 0
                                    

Unicode

အပိုင်း_၂ဝ:ငါသေတဲ့အထိ မင်းကိုတိုက်သွားမယ်

ညအမှောင်အောက်၌ သူတော်စင်နတ်ဆိုးဂိုဏ်း၏
အပြင်စည်းတပည့်များ အိပ်ဆောင် ပတ်ဝန်းကျင်သည်  တိတ်ဆိတ်ငြိမ်သက်လျှက် ရှိသော်လည်း အရိပ်တစ်ခုမှာ လှုပ်ရှားလျှက် ရှိနေပါတယ်။
လင်းဖန်မှာ အပြင်စည်းတပည့်များထဲတွင် သူ၏ သိုင်းပညာအရည်အသွေးအား ဆက်လက်၍ မြှင့်တင်နိုင်ရန် ခက်ခဲလေရာ အလွန်စိတ်ပျက်လျှက်ရှိနေပါတယ်။ ထို့ကြောင့်ပင် သူ၏တခြားပညာရပ်ဖြစ်သော ပန်းပဲပညာရပ်အား အာရုံစိုက်၍ အဆင့်မြှင့်တင်လေရာ အဆင့် ၄ သို့ ရောက်ရှိလို့သွားပါပြီ။ သို့ရာ၌ကား
လင်းဖန်မှာ ပန်းပဲပညာအဆင့် ၄ သို့ ရောက်ရှိလာသော်လည်း ထိုက်ထိုက်တန်တန် ပစ္စည်းတခုတလေမှ ဖန်တီးနိုင်ခြင်းမရှိသေးချေ။ ထို့ကြောင့် ယခုကဲသို့  ညအမှောင်အောက်၌ မနားမနေ အားကြိုးမာန်တတ် ကြိုးစားနေခြင်းသာဖြစ်ပါတယ်။ လင်းဖန်မှာ သူ၏ဒေတာစနစ်အားလည်း ဒေါသထွက်၍ ဆဲဆိုကာနေပါတယ်။

အပြင်စည်းတပည့်များ၏ အိပ်ဆောင်များတွင် တစ်ခုနှင့်တစ်ခုကြား မြေကွပ်လပ်များရှိပေရာ ထိုနေရာများမှာ လင်းဖန်အတွက် ပုန်းခိုစရာနေရာကောင်းများပင် ဖြစ်ပါတော့တယ်။

လင်းဖန်မှာ သူ၏လေ့ကျင့်မှုအတွက် ပစ်မှတ်ရွေးရာတွင် အလျှင်မလိုပဲ မီးမှိတ်ကာ တိတ်ဆိတ်၍ ငြိမ်သက်စွာအိပ်ပျော်နေသည်ထင်ရသော တပည့်များ၏ အိပ်ဆောင်ကိုသာ အဓိကထား၍ ရွေးခြင်းဖြစ်ပါတယ်။ မကြာမီအချိန်အတွင်း၌ပင် လင်းဖန်မှာ သူ၏သတ်မှတ်ချက်ဖြင့်ကိုက်ညီသော အိပ်ဆောင်အားရှာတွေ့ရာ အချိန်မဆိုင်းဘဲ အုတ်ခဲများအားပန်းပဲဖိုအတွင်းသို့  တစ်ခုပြီးတစ်ခု ပစ်ထည့်ပါတော့တယ်။

"တိန်.....ဂုဏ်ယူပါတယ်။ အုတ်ခဲကျိုးအား ရရှိပါသည် "

လင်းဖန်မှာ ဒေတာစနစ်၏ အချက်ပေးသံအား ကြားလျှင်...

"ဟမ်....ငါကိုနောက်နေတာလား။ အဆင့်မတက်ပဲ ဘယ်တော့လောက်အထိ နေနိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့"

လင်းဖန်မှာ ဘာကိုမှအရေးမထားတော့ဘဲ အုတ်ခဲများအား ပန်းပဲဖိုအတွင်းသို့  တစ်ခုပြီးတစ်ခု ပစ်ထည့်လိုက်ပါတယ်။

အသန်မာဆုံးသောစနစ် (လင်းဖန်)Where stories live. Discover now