Unicode
"အိုး..."
လင်းဖန်မှာ အံ့သြလွန်းမက အံ့သြသွားပါတော့တယ်။
အမှန်မှာ သွေးနီလ ခွေးဘီလူးအား မနက်စာအတွက် ရည်ရွယ်ကာ သတ်လိုက်ခြင်း ဖြစ်သော်လဲ အခုကဲ့သို့ သိုင်းကျမ်းထွက်လာလိမ့်မယ်လို့ ထင်မထားမိပေ။"တိန်....လမ်းမှန်သိုင်းကျမ်း မဟုတ်သော 《မဟူရာကျား၏ နှလုံးသားကိုခိုးယူခြင်း》 အား တွေ့ရှိပါသည်။ သင်ယူမည်လော။
"သင်မယ်"
လင်းဖန်မှာ ယခုလို သူတော်စင်နတ်ဆိုး ဂိုဏ်းမှ ထွက်လာပြီးမှပင် သိုင်းပညာရပ်များအား မသင်ယူမိပဲ ယောင်ခြောက်ဆယ်လုပ်၍ ပြဿနာပေါင်းသောင်းခြောက်ထောင်အား မီးထွန်း၍သော် လည်းကောင်း မီးမထွန်းပဲနင့်သော်လည်းကောင်း ရှာဖွေကာ အပျော်ကြီးပျော်လို့နေခဲ့မိသည်ကို အခုကျမှ နောင်တရမိနေပါတာ့တယ်။ ဒါကြောင့် အတွင်းစည်း တပည့်ဖြစ်သော ယွီဖန်းရဲ့ တန်ဖိုးရှိလှသော
ငုံးဥအား ခက်ခက်ခဲခဲပင် ခိုးခဲ့ရလေသည်မဟုတ်ပါလော။ ဒါပေမယ့် "《မဟူရာကျား၏ နှလုံးသားကိုခိုးယူခြင်း》" ပညာရပ်မှာ အောက်လမ်းပညာဖြစ်၍နေပေမဲ့လည်း 《မျောက်မင်း မက်မွန်သီးဆွတ်ဟန်》 ကဲ့သို့ပင် ကောင်းမွန်သည့်နေရာတွင် သုံးပါမူ အကျိုးရှိမည်သာ ဖြစ်တယ်။အဲ့ဒီအတွက်ကြောင့် မည်မျှပင် အဆင့်နိမ့်သော ပညာရပ်ဖြစ်စေကာမူ လင်းဖန်ရဲ့ လက်ထဲ၌ အမြင့်ဆုံးသော ပညာရပ်ဖြစ်သွားနိုင်လေရာ လင်းဖန်အတွက်ကား ပညာရပ်ဖြစ်ဖို့သည်သာ အရေးကြီးဆုံးပင် မဟုတ်ပါလား။
"တိန်...《မဟူရာကျား၏ နှလုံးသားကိုခိုးယူခြင်း》အား သင်ယူမူပြီးဆုံးပါပြီ" အဆင့် 1၊ ရမှတ် (0/100 )
"《မဟူရာကျား၏ နှလုံးသားကိုခိုးယူခြင်း》" ပညာရပ်မှာ သွေးနီလ ခွေးဘီလူးထံမှ ရရှိခြင်းဖြစ်ကာ မိန်းမလိုက်စားသူ ( သို့ ) မိန်းမလိုက်စားခြင်းမဟုတ်ပဲ မိန်းမလိုက်စားသူရဲ့ ကိုယ်ပိုင်အချိန်ပေး၍
တီထွင်ထားသော ပညာရပ်ဖြစ်ပါတယ်။ဤကဲ့သို့သော သိုင်းကျမ်း၏ အညွန်းအားဖတ်လိုက်ရလေလျှင် ကျွန်ုပ်တို့၏ ဖြောင့်မတ်တည်ကြည်လှသော ဇာတ်လိုက်ကျော်ကြီး လင်းဖန်ရဲ့ ရှင်းသန့်တည်ကြည်သောမျက်နှာတွင် အင်မတန် မနှစ်မြို့သောဟန်များ ထွက်ပေါ်လို့ လာရှာပါတော့တယ်။