အပိုင်း (၃၉)

102 6 0
                                    

Unicode

ဆေးများအား စားပြီးလို့ သူ့ရဲ့သိုင်းပညာအဆင့်အား
မြှင့်တင်ပြီးသကာလ လင်းဖန်မှာ စိတ်မသက်သာစွာနဲ့
မဲ့ပြုံးပြုံးလိုက်မိပါတယ်။ အကယ်၍များ ဆေးလုံးများသာ ပိုလို့ရခဲ့ပါက ဆေးများအား စားခြင်းဖြင့် ရမှတ်များ ပို၍ပို၍တိုးလာကာ ပြိုင်ဘက်ကင်း လူတစ်ဦးပင် ဖြစ်လာနိုင်သည် မဟုတ်ပါလား။

လင်းဖန်က အိတ်များအား ရှာဖွေကာဆေးများ ထပ်၍ ရလိုရငြား ရှာဖွေကြည့်ပေမဲ့လည်း မတွေ့ရလေသော် သူ့ရဲ့အာရုံမှာ သိုင်းကျမ်းများဘက်သို့ ရောက်လို့သွားပါတယ်။

ဒါ့အပြင် သိုလှောင် လက်စွပ်အား ရှာစဉ်က သိုင်းကျမ်းများအား သတိထားမိလေရာ မည်သည့် ပညာရပ်များပါမှန်း သိချင်လာမိပါတယ်။

လင်းဖန်မှာ မိုယီရွှမ်းထံမှတော့ ထူးခြား ကောင်းမွန်သည့် ပညာရပ်များအား သိပ်တော့ မမျှော်လင့်ပေ။ ဘာကြောင့်လဲဆိုတော့ မိုယီရွှမ်းမှာ အောက်လမ်းဂိုဏ်းသား တစ်ယောက်ဖြစ်လေရာ သူ့ရဲ့ သိုင်းပညာရပ်များမှာလည်း ကောင်းသည့်ပညာရပ်များ ပါရှိရန်မှာ ဖြစ်နိုင်သောအရာ မဟုတ်ပါဘူး။

ဒါပေမယ့် ကျနော်တို့ရဲ့ ဇာတ်လိုက်ကျော်ဖြစ်သော လင်းဖန်မှာ မှန်ကန်တည်ကြည်၍ သဘောထားကြီးမြတ်သူ တစ်ယောက်အနေဖြင့် တစ်ပါးသူအား ယခုကဲ့သို့ နှိမ့်ချ၍ တွေးခေါ်ပြောဆိုခြင်းမှာ မသင့်လျော်မှန်း ချက်ခြင်းပင် ဆင်ခြင်မိပါတယ်။ အဲ့ဒီလို စဉ်းစားခဲ့မိသည့်အတွက်လည်း ရင်ထဲမကောင်းလှပါဘူး။

ပြီးတော့ မိုယီရွှမ်းမှာလည်း အလွန်အစွမ်းထက်သူ တစ်ဦး မဟုတ်စေကာမူ အလွန်တော်သော သိုင်းပညာရှင်တစ်ဦးဖြစ်လေရာ သူ့ရဲ့ သိုင်းကျမ်းတို့မှာလည်း အဆင့်နိမ့်လိမ့်မည် မဟုတ်သည်မှာ
အသေအချာပင် ဖြစ်ပါတယ်။ ဒါကြောင့် လင်းဖန်က မိုယီရွှမ်းရဲ့ သိုင်ကျမ်းများအား ထုတ်လို့ကြည့်လိုက်သောအခါ သဘောကျစွာပင် ပြုံးလိုက်မိပါတယ်။

"တိန်....ဂုဏ်ယူပါတယ်။ အဆင့်မြင့် ကောင်းကင်အဆင့် ကျင့်စဉ်ကျမ်းဖြစ်သော 《မျက်နှာမဲ့ မိုးပျံတစ္ဆေ》ကျင့်စဉ်အား တွေ့ရှိပါသည်"

အသန်မာဆုံးသောစနစ် (လင်းဖန်)Where stories live. Discover now