Unicode
ယင်မိုချွမ်း အံ့အားသင့်နေစဉ်၌ပင် လင်းဖန်မှာ စင်ပေါ်ကိုခုန်တက်၍သွားပါပြီ။ ထို့အပြင် လင်းဖန်မှာ သူ၏ဦးခေါင်းအား ဟန်ပါပါမော့လျက်မှ
စင်အောက်ရှိ လူများအားကြည့်လိုက်ပါတယ်။"အံမယ်...ဒီလို လူတွေဝိုင်းကြည့်နေကြတော့လဲ ငါက
တယ်ဟုတ်နေသလိုပါပဲလား...မဆိုးဘူးပဲ။ ဒါကြောင့် လူတော်တော်များများက ပြိုင်ချင်နေကြတာနဲ့တူတယ်...ဟဲဟဲ"လင်းဖန်မှာ ကိုယ့်ကိုကိုယ်လဲ ရှာကြံကာဂုဏ်ယူနေမိပါတယ်။
ပတ်ပတ်လည်ရှိ ပရိသတ်တို့မှာ စင်မြင့်ထက်သို့ ခုန်တက်လာသည်ကိုမြင်သော် သြဘာပေးလိုက်ကြပါတယ်။ သို့ရာ၌ကား စင်ပေါ်ကိုတက်လာသူမှာ လင်းဖန်မှန်း သိကြလေသော် ရုတ်ချည်းပင် ငြိမ်သက်
သွားကြကာ စိတ်အားထက်သန်မှုများမှာလည်း ဆန့်ကျင်ဘက်သို့ ပြောင်းကုန်ကြပါတယ်။ ဆန့်ကျင်ဘက်သို့ ပြောင်းသွားရုံသာမက ကြောက်ရွံ့မှုပါ အဆစ်ပါကြတယ်။"ဟာ...ဒီကောင် ဥခိုးဝိဇ္ဇာမဟုတ်လား"
ဤဥခိုးဝိဇ္ဇာဆိုသည်မှာကား အပြင်စည်းတပည့်များအတွင်း၌ တကယ့်ကို ခြောက်ခြားဖွယ်ရာ အိပ်မက်တစ်ခုပမာ ရှိနေပါတယ်။ ဥခိုးဝိဇ္ဇာ၏ လက်ချက်မိသူများမှာလည်း အရိုးထဲကပါစိမ့်နေအောင် ကြောက်နေမိကြပါတယ်။ ထို့အပြင် ထိုကျော်ကြားလှသည့်
နာမည်ကြားရုံဖြင့်ပင် ပေါင်နှစ်ချောင်းအား လိမ်ကျစ်ကာ အလိုလိုပင် ကာကွယ်နေမိလျှက်သားပင် ဖြစ်နေရှာပါတော့သည် မဟုတ်ပါလား။
(ဇာတ်လိုက်ကျော်ကြီး လင်းဖန်ကတော့ တကယ့်ကိုနာမည်ကြီးတာပဲဗျာ)စင်အောက်ရှိ ပရိသတ်ကြားထဲ၌ရှိသော တပည့်တစ်ဦးမှာ စင်ပေါ်ရှိလင်းဖန်အား စူးစိုက်၍ ကြည့်နေပါတယ်။ ထိုသူမှာ စင်ပေါ်ရှိ ပြုံးဖြီးဖြီးဖြင့် ရှိနေသော ကျနော်တို့ရဲ့ ဇာတ်လိုက်ကျော် လင်းဖန်အား မြင်လိုက်သည့်ဟန်လူပင် ဖြစ်ပါတယ်။ ဟန်လူမှာ လင်းဖန်အား အဘယ်ကဲ့သို့ ရန်ငြိုးမထားဘဲ နေနိုင်လိမ့်မည်နည်း။ သူ၏အကြံအစည်များမှာလင်းဖန်ကြောင့် အကြိမ်ကြိမ်ပင် တလွဲတချော်ဖြစ်သွားသည် မဟုတ်ပါလား။ ဤသူတော်စင်နတ်ဆိုးဂိုဏ်းတစ်ခုလုံး၌ ဟန်လူ အမုန်းတီးဆုံးလူကိုပြပါဆိုလျှင် တချက်ပင် မတွန့်ဆုတ်ပဲ လင်းဖန်အား ပြပေလိမ့်မည်။