အပိုင်း (၅၁)

121 5 0
                                    

Unicode

အပိုင်း_၅၁: အားလုံးအပေါ် တောက်ပစွာ ထွန်းလင်းပေးခြင်း

ဆယ့်သုံးယောက်သော တပည်ကျော်တို့မှာ စင်မြင့်ထက်မှ ဆရာဖြစ်သူရဲ့ ထူးချွန်ပြောင်မြောက်မှုအားကြည့်ကာ သွေးများပင် ဆူပွက်၍ လာကြတယ်။ ပြီးတော့ ဆရာဖြစ်သူရဲ့....

"ဖြစ်ဖူးကြတယ်မဟုတ်လား"

ဟု မေးသည်ကိုလဲ အော်ဟစ်၍ ထောက်ခံကာ ဖြေလိုက်ချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ တုံးအလွန်းကာ ညံ့လွန်းလှသော်လည်း သူတို့မှန်ခဲ့သည့် အခါများလည်း ရှိခဲ့ဖူးပါတယ်။ သို့ရာ၌ အတွင်းစိတ် ကြောက်ရွံမှုကြောင့် ထစ်အထစ်အ အဖြစ်သာ အဆုံး၌ ငြိမ်သက်၍သာ နေခဲ့ကြရလေသည် မဟုတ်ပါလား။ လင်းဖန်မှာ အတွေးထဲ၌ နစ်မြှုပ်၍နေသော အတန်းသားများအား ကြည့်လျက် မသိမသာ သက်ပြင်းချလိုက်မိတယ်။ ထိုအတန်းသားများမှာ ကလေးအရွယ်သာဖြစ်ပြီး ဖြူစင်သော အရွယ်သာရှိကြသေးသည် မဟုတ်ပါလား။

"သိုင်းပညာရဲ့ လမ်းကြောင်းမှာ ကျင့်ကြံတဲ့ သူတယောက်ဟာ ဖြောင့်မတ်မှုရှိရမယ်ကွ။ ကိုယ့်ရဲ့ စိတ်နှလုံးပေါ်မှာလည်း ရိုးဖြောင့်မှုရှိရမယ်။ အကယ်၍ ကြောက်ရွံ့မှုကြောင့်သာ အမှန်တရားကို
နှလုံးသားထဲက ပျောက်ကွယ်ခံလိုက်မယ်ဆိုရင်
ဒီလောကမှာ ဆက်ပြီးတိုးတက်လာမှာ မဟုတ်တော့ဘူး"

"ကဲ...ဒီတော့ ဆရာတို့ ရှင်းရှင်းပြောလိုက်စမ်းပါ။
ခုလို ကိစ္စမျိုးဖြစ်ဖူးကြတယ် မဟုတ်လား"

ဟု လင်းဖန်မှာ မေးလိုက်တယ်။ လင်းဖန်ရဲ့ စကား
အဟုန်တို့မှာ ကောင်းကင်မှ နေမင်းရဲ့ အလင်းရောင်အလား စင်မြင့်အောက်မှ အတန်းသားအားလုံးဆီသို့ ကျရောက် ရိုက်ခတ်၍သွားတယ်။ သူ့ရဲ့ စကားတို့မှာ
ကျောင်းသားတိုင်းရဲ့ နှလုံးသားအတွင်းသို့ နက်ရှိုင်းစွာပင် ဝင်ရောက်၍သွားကာ နှလုံးသားအတွင်းမှ
နက်ရှိုင်းစွာမြုပ်ကွယ်နေကြသော အမှန်တရားတို့မှာ
ထွက်ပေါ်၍ လာကြကုန်ပါတယ်။ ယှဉ်ပြိုင်ပွဲအား
လာရောက်ကြည့်ရှုကြကုန်သော ကျောင်းသားတို့မှာ
လင်းဖန်ရဲ့ စကားကြောင့် နှလုံးသွေးများပင် ဆူပွက်၍လာကာ နှလုံးသားထဲ၌ အတင်းဖိသိပ်၍ ထားလာခဲ့ရသော ခံစားရမှုတို့မှာ ပေါက်ထွက်၍ လာကြကုန်တယ်။

အသန်မာဆုံးသောစနစ် (လင်းဖန်)Where stories live. Discover now