Unicode
"ငါနောက်ဆုံးတော့ လုပ်နိုင်ခဲ့ပြီပဲ"
ယခုအချိန်မှသာ လင်းဖန်မှာ အမှန်ပင် ပျော်ရွှင်သွားပါတော့တယ်။ ယွီဖန်းအပေါ်၌မူ စိတ်မကောင်းသော်လည်း နောင်တစ်ချိန်၌ အတိုးအရင်းပေါင်း၍ ကျေးဇူးအကြွေးတွေကို ပြန်ဆပ်ရန် စိတ်ကူးလိုက်ပါတယ်။ လင်းဖန်မှာ ဒေတာစနစ်အား ရရှိသည်မှစ၍
ခိုးလာသော မက်မွန်သီးများထဲမှ တန်ဖိုးအထားဆုံး မက်မွန်သီးအားပြပါဆိုလျှင် ယွီဖန်းထံမှရသော မက်မွန်သီးကိုသာ ပြပေလိမ့်မည်။ အဘယ်ကြောင့်ဆိုပါမူ ယွီဖန်၏မက်မွန်သီးအား ရရှိရန် လင်းဖန်မှာ
များစွာသော ဇာတ်လမ်းဇာတ်ကွက်များအား အကယ်ဒမီ ရလောက်အောင် ကိုယ်တိုင်ရေး ကိုယ်တိုင်သရုပ်ဖော် ကိုယ်တိုင်ရိုက်ခဲ့ရသည် မဟုတ်ပါလား။သို့ရာ၌ လင်းဖန်မှာ သူ၏ကျော်ကြားအောင်မြင်သော ဇာတ်ကွက်အတွက် ပျော်ရွှင်မှုမှာ ကြာရှည်မခံလိုက်ရပေ ပြင်းထန်လှသော အင်အားတစ်ခုမှာ လင်းဖန်၏ ရင်ဝသို့ ဆောင့်လာကာ လင်းဖန်မှာ လွင့်ထွက်သွားပါတော့တယ်။ ယွီဖန်း၏ မျက်နှာမှာ သွေးပင်မရှိလောက်အောင် ဖြူဖတ်ဖတ်ဖြစ်နေသော်လည်း နဂို အလယ်အလတ်ကောင်းကင်အဆင့် ၇ စွမ်းအားဖြင့် သူ၏ ညာဘက်လက်မှ မီးတောက်တစ်ခု ဖန်တီးကာ လင်းဖန်အား ရိုက်ချလိုက်ပါတယ်။ လင်းဖန်မှာ ထိုရိုက်ချက်အား မြင်လျှင် ထိတ်လန့်သွားကာ မျက်နှာမှာလည်း ဖြူဖတ်ဖြူရော် ဖြစ်ကုန်ပါတော့တယ်။
ဤသတ္တမအလယ်အလတ်ကောင်းကင်အဆင့် စွမ်းအားမှာ သူ့အား မသေစေနိုင်သော်လည်း အိပ်ယာထဲ၌ ကြာရှည် လဲလျောင်း စေနိုင်ပါတယ်။
"သေစမ်း!"
ယွီဖန်းမှာ ခံနိုင်ရည်အား မည်မျှပင် ကောင်းမွန်စေကာမူ သူ၏ပေါင်ခွဆုံမှ နာကျင်မှုမှယ ခံနိုင်ရည် မရှိပေ။ စိတ်ထဲ၌လည်း သူ့ရှေ့တွင်ရှိသော လင်းဖန်အား သတ်ရန်သာ ဆန္ဒရှိနေပါတယ်။
"《မီးလက်ဝါး》"
ဤ《မီးလက်ဝါး》သိုင်းမှာ အမှောင်အဆင့်နိမ့်သိုင်း ဖြစ်သော်လည်း သူ၏ ပြင်းထန်အားမှာ ကြောက်မက်ဖွယ် ကောင်းလှပါတယ်။ လင်းဖန်မှာ ထိုပြင်းထန်လှသော လက်ဝါးရိုက်ချက်ကြောင့် သူ၏ရင်ဝသို့ ရိုက်မိသွားကာ အဝေးသို့ လွင့်ထွက်သွားပါတော့တယ်။