အပိုင်း (၃၆)

95 7 0
                                    

Unicode

"တိန်......ဂုဏ်ယူပါတယ်။ နတ်မင်းခုနှစ်ပါး၏
ရတနာမြေပုံအား ရှာဖွေတွေ့ရှိပါသည်။"

လင်းဖန်မှာ ထိုသူနှစ်ယောက်ရဲ့ မြေပုံအကြောင်းငြင်းခုံနေမှုအား ပုန်းကွယ်နေတုန်းက ကြားပြီးဖြစ်ပါတယ်။ အဲ့ဒ်ီအတွက်ကြောင့် မိုယီရွှမ်းရဲ့ လက်ထဲ၌ ဆုပ်ထားသော မြေပုံအားတွေ့လေသော် အလိုလိုပင် ယူ၍ကြည့်လိုက်မိပါတယ်။ ရတနာမြေပုံမှာ အမျိုးအမည်မခွဲခြားနိုင်သော ပါးလွှာသည့် သတ္တုဖြင့်ဖန်တီးထားပြီး လက်ထဲတွင်တော့ အ၀တ်စတစ်ခုအလား ပျော့ပျောင်းလို့ နေပါတယ်။ အ၀တ်စတခုကဲ့သို့ ပျော့ပျောင်းနေသော်လည်း ခိုင်ခန့်မှု၌မှု
ဆုတ်ဖြဲ၍မရအောင်ပင် ခိုင်ခန့်လှကြောင်း လင်းဖန်မှာ စမ်းသပ်သိရှိလိုက်ရပါတယ်။

"ဒီနတ်မင်း ခုနှစ်ပါးမြေပုံက ဘယ်လောက်တန်ဖိုးကြီးလို့ ဒီလူတွေက သူသေကိုယ်သေတိုက်နေရတာလဲ"
ဟုတွေးလျှက် မြေပုံအားဖွင့်၍ ကြည့်လိုက်ပါတယ်။

လင်းဖန်မှာ မကြာမီကမှ ဂိုဏ်းအတွင်းမှ ထွက်လာသည်ဖြစ်ရာ မြေပုံညွှန်းဆိုရာအား အမှန်ပင် နားမလည်နိုင်အောင်ဖြစ်နေပါတယ်။ ဒါ့အပြင် မြေပုံပေါ်၌လည်း လျို့ဝှက်ချက် ညွှန်းဆိုသော နက်နဲလှသော သိုက်စာတို့ဖြင့် ရေးသားထားသော စာကြောင်းနှစ်ကြောင်းသာ ပါပါတယ်။

"‌မြင့်သည်ဆိုသော ကောင်းကင်ထက် မြင့်သောကောင်းကင်သည် ရှိ၏။ မြေပြင်မှာမူ ကျယ်ပြောသည်သာ ဖြစ်၏"

‌စာကြောင်းကား ဤသို့သာ ဖြစ်ပါတယ်။ လင်းဖန်မှာ ဖတ်လို့ နားလည်ရန်ခက်သော်ငြား တန်ဖိုးရှိလှသော ပစ္စည်းဖြစ်လေရာ အတွင်းအိတ်ထဲသို့ ထည့်သိမ်းလိုက်ပါတယ်။ တချိန် မိမိအတွေ့အကြုံ အမြော်အမြင် များလာ၍ အကြောင်းတိုက်ဆိုင်ပါက
ရှာဖွေကြည့်ရန် ဆုံးဖြတ်လိုက်ပါတယ်။

အဲ့ဒီနောက် မိုယီရွှမ်းရဲ့ဓားအား ရှာလေသော် မည်သည့်အဖိုးတန်ပစ္စည်း သိမ်းထားသည့်အိတ် တခုတလေမျှ မတွေရတော့ပေ။

"ဟင် .....ဒီလောက်အဆင့်မြင့်တဲ့ ပညာရှင်မှာ သိမ်းစရာအိတ် တခုတလေတောင်မရှိဘူးဆိုတော့ ထူးဆန်းလှချည်လား"
ဟုတွေးလျှက် ထပ်မံ၍ ရှာပြန်ပါတယ်။ မည်သို့မျှရှာမတွေ့သည့်အဆုံး၌ လက်လျော့ရန်ဆုံးဖြတ်၍ လှည့်ထွက်မည်အပြု၌ တထက်လက်တောက်၍ နေသောအရာတခုအားတွေ့လိုက်ရပါတော့တယ်။

အသန်မာဆုံးသောစနစ် (လင်းဖန်)Where stories live. Discover now