Unicode
ညတစ်ည၌ အလတ်စားအုတ်ကြွပ်မိုးထားတဲ့ အိမ်တစ်လုံးတွင် လူအများအပြားစုဝေးလို့နေပါတယ်။
ယနေ့ လင်းဖန်၏တိုက်ခိုက်မှုများက သူတို့လို
လူသဲအိတ်အဖြစ်အထိုးနေရသူများအား လုံးဝကိုအံ့အားသင့်သွားစေပါတယ်။ အလွန်အံ့အားသင့်ပြီး အကြောင်းအရင်းကို စဉ်းစားမရကြသော်လည်း လင်းဖန်အတွက်တော့ သူတို့လက်မထောင်ပြီး ရဲရဲဝံ့ဝံ့ဂုဏ်ပြုကြပါတယ်။"အကိုကြီး, ဒီနေ့အကိုကြီးသုံးသွားတဲ့ သိုင်းကွက်က မျောက်မင်းဘုရင် မက်မွန်သီးခူးဆွတ်ဟန်သိုင်း မလား"
ရှောင်လုဇီက ဒီမှာနေလာတာ အနည်းငယ်ကြာမြင့်လာပြီဖြစ်တာကြောင့် ဒီနေ့ဖြစ်သွားတဲ့ကိစ္စတွေကို အနည်းငယ်တော့နားလည်နေပါတယ်။ ဒါပေမဲ့ မသေချာတဲ့အတွက် လင်းဖန်ကို မေးမြန်းကြည့်တာဖြစ်ပါတယ်။
မျောက်မင်းဘုရင် မက်မွန်သီးခူးဆွတ်ဟန်သိုင်းကွက်ကို ရှောင်လူဇီမိသားစုက ဆင်းသက်လာတာဖြစ်ပေမယ့် တခြားအပြင်စည်းတပည့်တွေရဲ့သိုင်းတွေနဲ့ယှဉ်ရင် ဒီသိုင်းက အများကြီးအောက်ကျကျန်ခဲ့တယ်ဆိုတာ သူသိထားတာပါ။
"ဟုတ်တယ်,ငါဒီနေ့သုံးသွားတာ အဲ့ဒီသိုင်းကွက်ဘဲ"ရှောင်လုဇီမေးတာကို အတည်ပြုတဲ့အနေနဲ့ လင်းဖန်ကခေါင်းညိတ်ရင်းပြောလိုက်ပါတယ်။
"အိုး, အံသြစရာကောင်းလိုက်တာ ကျနော်တို့မိသားစုရဲ့သိုင်းကွက်က ဒီလောက်စွမ်းအားကြီးမယ်လို့တခါမှမတွေးခဲ့မိဘူး...ဒါပေမဲ့ အစ်ကိုလင်းဖန်တစ်ယောက်ဘဲ ဒီသိုင်းရဲ့စွမ်းအားအပြည့်ကို ထုတ်သုံးနိုင်တာပါ"
ရှောင်လုဇီက စိတ်လှုပ်ရှားတဲ့လေသံနဲ့ပြောလိုက်ပါတယ်။
လင်းဖန်အနေနဲ့အနည်းငယ်ရှက်ရွံ့မှုကိုခံစားမိလိုက်ပေမဲ့ ဘာမှတော့မပြောပါဘူး။
"အကိုလင်းဖန်,နောက်၂ရက်ဆိုရင် တရားဝင်အပြင်စည်းတပည့်ဝင်ခွင့် စာမေးပွဲစတော့မယ်နော်,အကိုရောဝင်ဖြေမှာမလား"
ရှောင်လုဇီက မျှော်လင့်ချက်အပြည့်နဲ့ လင်းဖန်ကိုမေးလိုက်ပါတယ်။