Unicode
အဲ့ဒီလိုနဲ့ ဖမ်းဆီးရမိသည့် သားရဲကင်အား ဝေပုံကျ ခွဲခြမ်းမှုမှာ လျင်မြန်စွာ ပြီးဆုံးသွားတယ်။ အားလုံးသော သူများမှာ သိုင်းပညာရှင်များဖြစ်ကြလေရာ ဟန်မန်မင်ကဲ့သို့ မိန်ကလေးပင်လျှင်ခြေထောက် တစ်ချောင်းလုံးအား စားနိုင်လောက်အောင် အစာချက်အား ကောင်းလှပါတယ်။ လင်းဖန်မှာ စားသောက်လို့
ပြီးလျှင်ပြီးချင်းပင် မတ်တပ်ရပ်လိုက်လျှက်မှ..."နောက်တောင်ကျနေပြီ နေမ၀င်ခင် ယန်နိုင်ငံကို ရောက်အောင်ခရီးဆက်မှဖြစ်တော့မယ်"
ဟု လောဆော်လိုက်ပါတယ်။ကျန်းထျန်းဟောက်မှာလည်း ခေါင်းအားငြိမ့်လိုက်လျက်မှ...
"နောင်ကြီးပြောတာမှန်တယ်ဗျ... ခရီးဆက်လိုက်ကြရအာင်"
ဟု ဝင်ရောက် ထောက်ခံလိုက်ပါတယ်။ကျန်းထျန်းဟောက်မှ လွဲ၍ ကျန်လူများအားလုံးမှာ
လုံး၀တိတ်ဆိတ်ငြိမ်သက်စွာပင် စားသောက်၍နေပြီးနောက် ခရီးဆက်ရန် ပြင်ဆင်နေကြတယ်။ ကျန်းထျန်းဟောက်ပင်လျှင် တခွန်းမေး တခွန်းဖြေသာ ပြောနေပါတယ်။ ဘာအတွက်ကြောင့်လဲဆိုတော့ အပိုစကားများပြောခြင်းဖြင့် မတော်တဆ လင်းဖန်
စိတ်ကသိကအောက်ဖြစ်ကာ ရန်ရှာမည်ကို စိုးရွံ့သောကြောင့်ပင် ဖြစ်ပါတော့တယ်။နောက်ပြီး ခရီးဆက်ရာ လမ်းတစ်လျောက်၌လည်း
ကျန်းထျန်းဟောက်မှာ ဟန်မန်မင်အား နောက်ခပ်ခွာခွာမှသာလိုက်စေပါတယ်။ သို့မှသာအရေးအကြောင်း ကြုံပါမူ ဟန်မန်မင်အား ထွက်ပြေးလွတ်မြောက်စေရန် အချိန်ဆွဲထားနိုင်မည် မဟုတ်ပါလား။အခြားသူများမှာလည်း လမ်းတစ်လျောက် တိတ်ဆိတ်စွာပင် ခြေလှမ်းအား မြန်သထက်မြန်အောင် လှမ်းလျက် ယန်နိုင်ငံတော်သို့ အပြင်းနှင် နေကြပါတယ်။
မည်သူတစ်ဦးတစ်ယောက်မှ ထူးဆန်းစွာ ရုတ်ချည်း
ထွက်ပေါ်လာသော လင်းဖန်နှင့် ပက်သက်၍ အထွေအထူးမဆိုကြပေ။ အခန့်မသင့်၍ လင်းဖန်မှာငြိုငြင်သွားသော် အသက်အန္တာရယ်ရှိနိုင်သည် မဟုတ်ပါလား။ ဒါ့အပြင် ဤ တောအတွင်း၌ပင်
မရေတွက်နိုင်လှသော ပုဂ္ဂိုလ်တို့မှာ အသက်စွန့်၍
သွားကြရလေရာ သူတို့အတွက် ရရှိနိုင်မည့် အကျိုးအမြတ်ထက် အသက်က ပို၍ အရေးကြီးသည် မဟုတ်ပါလား။