အပိုင်း (၂၅)

104 9 0
                                    

Unicode

အပိုင်း_၂၅: မုတ်ဆိတ် တောကြီးပျားစွဲ

"3500"

ရီကျုံးယွီမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာတည်းကပင် ပါရမီရှင်ထိပ်သီးတပည့် ၁၀ ဦးထဲ ပါခဲ့သည်ဖြစ်ရာ သူစုဆောင်းထားသော ပိုင်ဆိုင်မှုမှာ အများအပြားရှိပေရာ ယခုကဲ့သို့ ဆေးလုံး ၃၅၀၀ အား
စျေးပြိုင်ပေးနိုင်ခြင်းသာဖြစ်ပါတယ်။ မိုးခွဲဓားမှာ ဤမျှလောက် တန်ကြေးမရှိသော်လည်း ရီကျုံးယွီမှာ ၎င်း၏ဂုဏ်သိက္ခာအတွက် နောက်ဆုတ်မည်မဟုတ်ပေ။ ပတ်ဝန်းကျင်၌ ရှိသော အပြင်စည်းတပည့်တို့မှာ ဤမြင်ကွင်းကြောင့် အံ့သြမှင်သက်သွားကုန်ကြပါတယ်။ အပြင်စည်းတပည့်များမှာ ပါရမီရှင် ထိပ်သီး တပည့်များအား ဖြတ်သွားဖြတ်လာပင် မြင်ဖို့ မလွယ်ကူလေရာ ယခုကဲ့သို့ ပါရမီရှင်အချင်းချင်း ပြိုင်ဆိုင်မှုအား မြင်ရသောကြောင့် အံ့သြသွားခြင်းပင် ဖြစ်ပါတယ်။ စာဖတ်သူတို့၏ ဇာတ်လိုက်ကျော် လင်းဖန်မှာ အလွန်ပင် ကျေနပ်နေပါတော့တယ်။ ရီကျုံးယွီနှင့်မန်ယန်ကျွမ်းတို့၏ ပြိုင်ဆိုင်မှု ပို၍ ပြင်းထန်လေလေ သူအတွက် အကျိုးရှိလေလေပင် မဟုတ်ပါလား။

"၄၀၀၀ပေးတယ်ကွာ"

မန်ယန်ကျွမ်းမှ ထပ်ထိုး၍ စျေးပြိုင်ပေးလိုက်ပြန်ပါတယ်။ ဤဆေးလုံးများမှာ တပည့်သစ်များ လေ့ကျင့်ရာတွင် အထောက်အကူဖြစ်သော်လည်း မန်ယန်ကျွမ်းကဲ့သို့ နောက်ပိုင်းကောင်းကင်အဆင့် ၆ သို့
ရောက်ရှိနေသူအတွက် အထောက်အကူ မဖြစ်တော့ချေ။

"၄၅၀၀"

ရီကျုံးယွီမှ ထပ်တိုး၍ စျေးပြိုင်ပေးလိုက်ရာ မန်ယန်ကျွမ်းက...

"ညီလေးရီ ဒီလို တိုးလို့ပေးနေရင် အချိန်ပုပ်နေမယ် ငါက ၁၀၀၀၀ ပေးတယ်ကွာ"

ဟုပြောလိုက်လေရာ လင်းဖန်မှာ တံတွေးပင် သီးလုမတက် ဖြစ်သွားပါတယ်။ ဆေးလုံးတစ်လုံးအား ရမှတ်အဖြစ်သုံးပါက ရမှတ် ၁၀၀ ဖြစ်လေရာ ဆေးလုံး ၁၀၀၀၀ဆိုပါက ရမှတ် ၁သန်းပင်ဖြစ်ပါတယ်။

"ဟား....ဟား...ဟုတ်လှချည်လားကွ...ငါတော့ မုတ်ဆိတ်ပျားစွဲတာပဲ ရိုးရိုးပျားတောင်မဟုတ်ဘူး
တောကြီးပျား....ဟား..ဟား"

အသန်မာဆုံးသောစနစ် (လင်းဖန်)Where stories live. Discover now