အပိုင်း (၁၉)

112 8 0
                                    

Unicode

နောက်တစ်နေ့၌ လင်းဖန်မှာ မနက်စောစောပင် အိပ်ယာမှ ထလို့လာပါတယ်။

' အိပ်ယာမှ စောစောထသော ငှက်သည် အစာများများစား ရသည် '
လင်းဖန်သည် ထိုဆိုရိုးစကားအား  လိုက်နာကျင့်သုံးသူတစ်ဦးပင်ဖြစ်ပါတယ်။ ဤအပြင်စည်းတပည့်များသည် ဂိုဏ်အတွင်း၌ ပြိုင်ဆိုင်မှုများ ရှိလေရာ
လင်းဖန်မှာလဲ နေ့ညမခွဲခြားဘဲ အချိန်ရှိတိုင်း လေ့ကျင့်ရပါတော့တယ်။

လင်းဖန်မှာ နေ့စဉ်နှင့်အမျှ အပြင်စည်းတပည့်များ၏ လေ့ကျင့်မှုများအား လိုက်လေ့လာမိပါတယ်။
ထူးခြားချက်မှာ အပြင်စည်းတပည့် အများစုသည်
၎င်းတို့၏ အိပ်ဆောင်အတွင်း၌သာ ကြိတ်၍ လေ့ကျင့်ကြပါတယ်။ လင်းဖန်မှာ ထိုအချက်အား သိပ်၍ သဘောမတွေ့လှချေ။ တစ်နေကုန် အခန်းတွင်းအောင်း၍ လေ့ကျင့်ခြင်းက ကျန်းမာရေးအား
ထိခိုက်လာစေနိုင်သည် ဟုမြင်မိပါတယ်။ လင်းဖန်မှာ
ထမင်းစားဆောင်အတွင်း ဟိုဟိုဒီဒီလှည့်လည်၍ ကြည့်ရှုလိုက်ပါတယ်။ ထိုသို့ ကြည့်ရှုရသည့် အကြောင်းအရင်းမှာ သူ့အား စေတနာထား၍ရမှတ်များပေးမည့် တပည့်များအား ရှာဖွေနေခြင်းသာ ဖြစ်ပါတယ်။

ထိုအချိန်၌ လင်းဖန်၏မျက်ဝန်းတို့မှာ အစာအားတွေ့လိုက်ရသော စွန်ရဲ့မျက်လုံးကဲ့သို့ စူရှလင်းလက် လာပါတော့တယ်။ သူ၏အကြည့်တိုမှာ မနီးမဝေးနေရာ၌ ကတောက်ကဆဖြစ်ကာ သတ်ပုတ်တော့မည့်ဟန်ဖြင့် ရန်စောင်နေသော တပည့်နှစ်ဦးထံ ရောက်ရှိသွားပါတယ်။

"ဟာ...ညီအစ်ကိုတို့ စိတ်လျှော့ကြပါ ဘာဖြစ်ကြတာလဲ တစ်ယောက်နဲ့တစ်ယောက် သတ်ပုတ်ကြတော့မယ့်အထိတော့ မသင့်တော်ပါဘူး"

လင်းဖန်မှာ ရုတ်ချည်းပင် ရှေ့သို့တိုးလာ၍ ပြောလိုက်ခြင်း ဖြစ်ပါတယ်။

"ဟာ....ညီလေးလင်း မင်းရောက်လာတာနဲ့ အတော်ပဲ
ဒီကောင်လေ အရင်လက အတွင်းအားကျင့်စဉ်မြှင့်တင်ဖို့ဆိုပြီး အစ်ကို့ဆီက အတွင်းအားဆေး ၅ လုံးကို နောက်တစ်လကြာရင် အတိုးနဲ့ ၁၀ လုံးပြန်ဆပ်မယ်ဆိုပြီး ချေးသွားတာ အခုတော့ မဆပ်ဘူးလေ အဲ့တော့ အစ်ကို စိတ်မဆိုးပဲ နေမလားကွာ "
ပြောလိုက်သူကား သာမန်အဆင့်သာ ရှိသော ကျောင်းသားတစ်ဦးသာ ဖြစ်ပါတယ်။ ထိုတပည့်မှာ သူ၏ဆေးများအတွက် ဒေါသထွက်နေဟန်ရှိကာ လင်းဖန်အား အကျိုးအကြောင်း ရှင်းပြလိုက်ပါတယ်။ ထိုအခါ အခြားသောကျောင်းသားမှာလည်း လင်းဖန်အား..

အသန်မာဆုံးသောစနစ် (လင်းဖန်)Where stories live. Discover now