Unicode
ပတ်ဝန်းကျင်တစ်ခုလုံးမှာ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်၍ နေပါတယ်။ ဂိုဏ်းတပည့်များမှာလည်း စိတ်လှုပ်ရှားစွာ အခြေအနေအား နားစွံ့၍နေကြပါတယ်။ ဟန်လူမှာ သဘောအကျကြီးကျကာ လူစုလူဝေးအတွက်မှ ထွက်ခွာပျောက်ကွယ် သွားပါတော့တယ်။
"အစ်ကိုကြီး.....ညီလေးလင်းကို ကယ်လို့ရသေးတယ် မဟုတ်လား"
ယင်မိုချွမ်းမှ မျှော်လင့်ချက်ကြီးစွာ မေးလိုက်သော်လည်း လီချူကျွမ်းမှာ ခေါင်းရမ်းလိုက်ပြီး....
"ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး ညီလေး ဂိုဏ်းခေါင်းဆောင်ကြီး လာရင်တောင် ကယ်နိုင်မယ် မထင်ဘူး"
ဟု စိတ်မကောင်းစွာ ပြောလိုက်ပါတယ်။ လီချူကျွမ်းမှာ ယခုကဲ့သို့ အဖြစ်အပျက်အား ပထမဆုံး မြင်ဖူးခြင်းဖြစ်ပါတယ်။ ယခင် ပြိုင်ပွဲများသည် ပျော်ရွှင်စွာ ပြီးဆုံးခဲ့သည်ချည်းသာ ဖြစ်ပါတယ်။ တခါတရံ လက်ရည်စမ်းပွဲအတွင်း ဒဏ်ရာအနာတရ ရကြသော်လည်း ယခုကဲ့သို့ သေဆုံးမှုကား ပထမဦးဆုံးပင် ဖြစ်ပါတယ်။
"ညီလေးလင်း....."
ယင်မိုချွမ်းမှာ ပျော်ပျော်နေတတ်သော သူ၏ညီလေးကို ယခုလို ရုတ်တရက် သေဆုံးမှုကို မယုံနိုင်စွာ ဖြစ်နေပါတယ်။
"အစ်ကိုကြီး...ညီလေးလင်းရဲ့ သေဆုံးမှုအတွက် တရားမျှတမှုကို ရှာပေးပါ"
ဟု ယင်မိုချွမ်းမှ တောင်းဆိုလိုက်ရာ လီချူကျွမ်းမှာ
အနည်းငယ် မျက်နှာတည်သွားပြီး အင်္ကျီလက်အိုးအား ယမ်းလိုက်ကာ...."အစ်ကို ဒီကိစ္စကို ဖြေရှင်းပေးမယ်မှာပါ ဖြစ်ပြီးတာလည်းဖြစ်ပြီးပြီဆိုတော့ သူ့ကို သင်္ဂြိုလ်လိုက်တော့ "
ယွီဖန်းမှာ အလယ်အလတ်ကောင်းကင် အဆင့် ၇ ဖြစ်သောကြောင့် ဂိုဏ်းအတွင်း၌ အရေးပါသော တပည့်တစ်ဦးဖြစ်နေပါတယ်၊၊ ထို့အပြင် ဤသေဆုံးမှုမှာ မတော်တဆမှု ဖြစ်သောကြောင့် အပြင်စည်းဂိုဏ်း တပည့်တစ်ဦးအတွက် အရေးပါသော အတွင်းစည်း ဂိုဏ်းဝင်တစ်ဦးအား လက်လွှတ်ရန်မှာ မည်သို့မျှ မဖြစ်နိုင်သော ကိစ္စပင်ဖြစ်ပါတယ်။