အပိုင်း (၇)

181 10 0
                                    

Unicode

"ဘယ်လို"

"ဘာလို့.....၊ ဘာလို့ မင်းခုထိ မတ်တပ်ရပ်နိုင်သေး တာလဲ"

"ငါ နီမင်းယန်, ဂိုဏ်းထဲကို လေးနှစ်သားထဲကရောက်ခဲ့တယ် နေ့ရောညရော လုံးဝမနားဘဲ ကြိုးစားလေ့ ကျင့်ခဲ့တယ် နောက်ဆုံး အကြိုကောင်းကင် အဆင့် ၈ ကိုရောက်ပြီး အပြင်စည်းတပည့်တစ်ယောက်ဖြစ်လာခဲ့တယ်"

"ဒါပေမဲ့, မင်းလို အကြိုကောင်းကင်အဆင့်တောင် မရောက်သေးတဲ့ ပမွှားတပည့်လေးကို မနိုင်ရတာလဲ"

စကားပြောနေရင်းနှင့်အတူ နီမင်းယန်၏ မျက်ဝန်းအစုံမှ မျက်ရည်စများကျလာတာကို လင်းဖန်တွေ့လိုက်ရပါတယ်။ နီမင်းယန်က ရလဒ်ကိုမယုံနိုင်ဖြစ်နေပြီး လက်မခံနိုင်ဖြစ်နေပါတယ်။

လင်းဖန်ရဲ့ပုံစံဟာ နီမင်းယန်ရဲ့စိတ်ကို အကြီးအ ကျယ်သက်ရောက်မှုဖြစ်စေခဲ့ပုံပါပဲ။

ဒီသူတော်စင်နတ်ဆိုးဂိုဏ်းမှာ ရှိခဲ့သောကာလတစ်လျှောက် ဒီလောက်ရက်စက်တဲ့အဖြစ် အပျက်တွေ ဖြစ်ပွားတာ လင်းဖန်မတွေ့ခဲ့ဖူးပါဘူး။ လူသဲအိတ်တွေတစ်ယောက်ပြီးတစ်ယောက် အထိုးခံရပြီး သေဆုံးခဲ့ခြင်းတွေတောင်မှ ဘယ်သူ့ကိုမှအပြစ်တင်စရာမဟုတ်ခဲ့ပါဘူး။ ဒီအခြေ အနေမှာ ဒီလိုကြုံရနိုင်တယ်ဆိုတာ အားလုံးသိပြီးသားမို့ပါ။

လင်းဖန်ကသက်ပြင်းတစ်ချက်ထပ်ရှိုက်လိုက်ပြီး နီမင်းယန် ပုခုံးကိုဖက်လိုက်ပါတယ်။

"ဂိုဏ်းတူအစ်ကိုနီ...."

"ဘာမှမပြောပါနဲ့တော့ ...ငါသည်းခံနိုင်တယ်...တကယ့်ပါရမီရှင် တစ်ယောက်ပေါ်လာရင်.....ငါ့လိုပါရမီမပါလို့ချွေးနဲ့သွေးနဲ့ရင်းပြီး ကြိုးစားရတဲ့လူက ပါရမီရှင်ကိုဘယ်လိုကြိုးစားပါစေ ဘယ်မှီပါ့မလဲလေ..."

နီမင်းယန်က နာကျင်မှုတွေကိုမြိုသိပ်ရင်းနဲ့ ပြောလိုက်ပါတယ်။ ဒီအဖြစ်မျိုးက သူနားလည်ပေမဲ့ လက်ခံဖို့အတွက်ခက်ခဲပါတယ်လေ။

"မဟုတ်ဘူး ဂိုဏ်းတူအစ်ကိုနီ...ကျနော်တစ်ခုပြောမယ် အဲ့လောက်ထိ ဖြစ်သွားစေမယ်လို့ ကျနော်မသိခဲ့လို့ပါ"

နီမင်းယန် ကိုကြည့်ပြီလင်းဖန်ကပြောလိုက်ပါတယ်။ လင်းဖန်မျက်လုံးထဲမှာတော့ နီမင်းယန်က အရည်အချင်းရှိတဲ့သူပါ။ သူစောစောထဲက ကြိုသိခဲ့ရင် ဒီလောက်ထိသူလုပ်မိမှာမဟုတ်ပါဘူး။ နီမင်းယန်အတွက် အရှုံးပေးတာက အဲ့လောက်အရေးမကြီးပါဘူး။ ဒါပေမဲ့ အခုအချိန်မှာတော့ နောက်ကျသွားပါပြီ။

အသန်မာဆုံးသောစနစ် (လင်းဖန်)Where stories live. Discover now