အပိုင်း (၅၃)

120 3 0
                                    

အပိုင်း_၅၃: မေတ္တာရှင်၊ ကိုယ်ကျိုးမငဲ့သော၊ ဖြောင့်မတ်သော

နောက်တနေ့သို့ရောက်သော် လင်းဖန်မှာ
ကျင့်စဉ်ကျင့်ရာမှ နိုးထလာပြီးနောက် သူရဲ့
ဒေတာစနစ်အား ဖွင့်ကြည့်ကာ စစ်ဆေးကြည့်လိုက်တယ်။

"မဆိုးဘူးပဲ... မဆိုးဘူး... "
ဟု ကျေနပ်စွာ ရေရွတ်လိုက်တယ်။

ပြီးတော့《မျက်နှာမဲ့ မိုးပျံတစ္ဆေ》ပညာမှာ ရမှတ်
သုံးသောင်းနီးပါးထိတက်၍ လာကာ
《ကိုယ်ယောင်ဖျောက်ပညာ》 ပညာမှာလည်း
ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင်ပင်
အဆင့် ၁၂ထိ မြင့်တက်လို့ သွားပါပြီ။
《မျောက်မင်း မက်မွန်သီးဆွတ်ဟန်》ပညာရဲ့
အတွေ့အကြုံအရ လင်းဖန်မှာ ဤ《ကိုယ်ယောင်ဖျောက်ပညာ》ပညာမှာလဲ
အဆင့်၂၀ ရောက်မှ ထပ်မံအဆင့်မြင့်တက်သွားမည်မှန်း သဘောပေါက်မိလာပါတယ်။

ဒါ့အပြင် တစ်ညတည်းမှာပင် အဆင့် ၃ဆင့်သာ
အမြင့်ဆုံးအနေဖြင့် ရှိသော 《ကိုယ်ယောင်ဖျောက်ပညာ》ပညာမှာ အဆင့် ၁၂အထိ မြင့်တက်လာသည်အထိ မြှင့်တင်နိုင်လိုက်လေရာ လင်းဖန်အား ယှဉ်နိုင်သူမရှိသလောက်ပင် ဖြစ်နေပါပြီ။ လင်းဖန်လည်း အမှန်ပင် ၀မ်းသာ၍သွားပါတယ်။ အဲ့ဒီနောက် သူ၏ ချစ်တပည့်တို့နဲ့ ထပ်မံ၍ တွေ့ဆုံသင်ကြားပေးရန် ကိုယ်လက်သန့်စင်လိုက်ပါတော့တယ်။

လင်းဖန်မှာ သူ့ရဲ့ အတန်းသို့ ဦးတည်သွားနေစဉ်
တခြားအခန်းမှ ဆရာများနဲ့ ကျောင်းသားများမှာ ယမန့်နေ့က အဖြစ်အပျက်အား ပြောဆိုနေသည်ကို ကြားလိုက်ရလျှင် လင်းဖန်မှာ ဝမ်းသာအားရစွာဖြင့် သေချာကြားရရန် အနီးသို့ ပို၍ပို၍ တိုးကပ်သွားတယ်။

"အတန်း Dက ဆရာသစ်က တစ်ကယ်တော်တာပါလား။ လျိုကျင်းဖန်နဲ့ သူအဖွဲ့ကို သင်ခန်းစာပေးလိုက်တာ အရည်အချင်းရှိတယ်လို့ ပြောရမယ်"

လင်းဖန်မှာ မျှော်လင့်ထားသလိုပင် သူ့အား ချီးကျူးနေသည်ကို ကြားလိုက်ရသဖြင့် ဝမ်းသာပီတိဖြစ်သွားတယ်။ သို့ရာတွင် ဆက်၍နားထောင်လိုက်ရာ တစ်စုံတစ်ခု လွဲချော်နေသည်ကို သတိထားမိလိုက်ပါတော့တယ်။

"ဒီဆရာသစ်က ဘယ်လိုဘယ်ပုံသင်ရမယ်ဆိုတာကို
နားလည်ပုံမရဘူးဗျ ဒီလိုကျောင်းသားတွေကို
တောင်းပန်ဖို့ လျိုကျင်းဖန်တို့ကို ဖိအားပေးတော့
နောက်ဆို စာသင်တဲ့အခါ ကျောင်းသားတွေကို
ဆရာလျိုတို့က ဘယ်လိုမျက်နှာနဲ့ သင်ရမှာလဲ.."

အသန်မာဆုံးသောစနစ် (လင်းဖန်)Where stories live. Discover now