Unicode
အပိုင်း_၂၁: ဒဏ္ဍာရီလာ လက်နက်ဆန်း: ကိုးငါး အုတ်နီခဲ
မနေ့က ဖန်းဟန်၏အိမ်အား မတော်တဆ ဖြိုချလိုက်မိသည့် အဖြစ်အပျက်ကြောင့် လင်းဖန်မှာ အပြစ်ရှိသလို ခံစားနေရပါတယ်။ သို့ရာ၌ကား စာဖတ်သူတို့၏ ဇာတ်လိုက်ကျော် လင်းဖန်မှာ ထိုအဖြစ်အပျက်အတွက် ခဏတာ စိတ်မကောင်းဖြစ်ရုံမျှသာဖြစ်ပြီး
သူရဲကောင်းတစ်ဦးအနေဖြင့် ခံစားချက်အား ဦးစားပေး၍ မရချေ။ ထို့ကြောင့်ပင် အိပ်ယာထစ၌ ခံစားခဲ့ရသော်လည်း တံခါးဖွင့်၍ အပြင်ထွက်သည်နှင့်တစ်ပြိုင်နက် လင်းဖန်မှာ တက်ကြွလန်းဆန်း
လာပါတော့တယ်။အပြင်စည်းတပည့်များထဲတွင် ပါရမီရှင်ထိပ်သီးတပည့် ၁၀ ဦးမှလွဲ၍ ကျန်သောတပည့်များမှာ သာမန်မျှသာ ဖြစ်ပါတယ်။ သို့ရာ၌ ရေတစ်စက်ပင် ဖြစ်သော်လည်း ရေဆာနေသော လူတစ်ယောက်
အတွက်မူ တန်ဖိုးရှိလှပေသည် မဟုတ်ပါလား။ ထို့အတူ ပါရမီရှင် ထိပ်သီးတပည့် ၁၀ဦးမှလွဲ၍ ကျန်သောတပည့်များမှာ လင်းဖန်၏ 《ထာဝရ နတ်ဆိုးခန္ဓာကိုယ်》အတွက် အထောက်အကူမဖြစ်သော်လည်း သူ၏《မျောက်မင်း မက်မွန်သီးဆွတ်ဟန်》 ပညာရပ်အတွက် အထောက်အကူ ရသေးပါတယ်။ လင်းဖန်မှာ ထမင်းစားဆောင်အတွင်းသို့
ရောက်ရှိလာလျှင် သူအနစ်နာခံကာ ဖြေရှင်းပေးရမည့် တပည့်များအား ရှာဖွေပါတော့တယ်။"အိုး........"
လင်းဖန်မှာ သူ့မျက်စ်ိရှေ့မှ အခြေအနေအား မြင်သောအခါ ရေငတ်နေစဉ် ရေချမ်းစင်အား တွေ့လိုက်ရသကဲ့သို့ ဝမ်းသာသွားကာ သူ၏ ရမှတ်များထံ အပြေးအလွှားသွားရင်းမှ....
"ဟေ့.... ညီအစ်ကိုတို့ ဘာကိစ္စကြောင့် အငြင်းပွားနေရတာလဲ ညီလေး ဖြေရှင်းပေးမယ် "
ဟု အော်ဟစ်ကာ ပြောဆိုလိုက်ပါတယ်။
ထိုအသံအားကြားလျှင် အငြင်းပွားနေသော တပည့်နှစ်ဦးမှာ ၎င်းတို့၏ပေါင်ခွဆုံအား လက်ဖြင့်အုပ်ကာ ကာကွယ်ထားလိုက်ပါတယ်။"ဟင်....ဒါ..ငါးမြွေထိုးအသံပဲ.. မနေ့က သူလက်ချက်ကြောင့် ခံလိုက်တဲ့ကျောင်းသားတွေ မနည်းဘူးတဲ့..."
ဟူ၍ အချင်းချင်း ပြောလိုက်ကြပါတယ်။ ထို့နောက် နှစ်ပေါင်းများစွာ ကွဲကွာသွားသော မိတ်ဆွေနှစ်ဦး ပြန်လည်ဆုံတွေ့၍ ဖက်လှဲသကင်းရှိသကဲ့သို့ နှစ်ဦးသားပခုံးဖက်ကာ လင်းဖန်အား ဂရုမစိုက်တော့ဘဲ အသော့နှင်ပါတော့တယ်။ ထိုအဖြစ်အပျက်အားမြင်သော် လင်းဖန်မှာ အံအားသင့်သွားပြီး...