အပိုင်း (၄)

229 14 0
                                    

Unicode

ထိုအခိုက်မှာ ကမ္ဘာကြီးကပြိုကွဲပြီး ကောင်းကင်တစ်ခုလုံးအမှောင်ကျကာ ပင်လယ်တွေလဲခြောက်ခမ်းသွားသလိုပါဘဲ တိုက်ခိုက်မှုက လှိုင်းလုံးတွေလိုဆက်တိုက်ထိုးနှက်ပါတော့တယ်။

《 မျောက်ဘုရင် မက်မွန်သီးခူးဆွတ်ဟန်သိုင်း 》

+၂

+၂
.......
အတွေ့အကြုံရမှတ်များတက်လာခြင်းနှင့်အတူ
ယခင်ကစွမ်းအားကြီးသောလေ့ကျင့်ရေးကွင်း၏ အရှိန်အဝါများက ယခုထိတ်လန့်မှုများနှင့်ဖုံးလွှမ်းသွားပြီး အော်သံများနှင့်ပြည့်နှက်သွားပါတော့တယ်။

ထိုအော်သံများက အလွန်နူးညံ့သောအရာတစ်ခုကွဲသွားသလို ညင်သာကာပျော့ပျောင်းပါတယ်။
ဒါပေမဲ့ဂရုတစိုက်နားထောင်ကြည့်မည်ဆိုလျှင်
အဆုံးမဲ့သောဝမ်းနည်းခြင်းတွေကိုပါ ခံစားမိနိုင်ပါတယ်။ :D

လက်ရှိအချိန်မှာထိုကြောက်စရာတိုကိခိုက်မှုကို လင်းဖန်က ထပ်ခါတလဲလဲပြုလုပ်နေပါတယ်။
သူ၏ခါးကိုကွေးကာ လက်ကိုအောက်သို့နှိုက်လိုက်ပြီး လက်ချောင်းများနှင့်ဖိညှစ်ခါ ကြိတ်ခွဲနေပါတယ်။

တိုက်ခိုက်မှုတွေနဲ့အတူ ဒီအချိန်မှာကမ္ဘာကြီးပျက်သွားမယ်ဆိုရင်တောင် ဘယ်အရာကမှလင်းဖန်ကို အတွေ့အကြုံရမှတ်တွေရယူခြင်းမှ မတားဆီးနိုင်လောက်ပါဘူး။

"မင်း....မင်း....အယုတ်တမာကောင်....ဒီလိုညစ်ပတ်တဲ့အကွက်ကိုသုံးတယ်..."

ကျောရိုးတစ်လျှောက် စိမ့်တက်လာတဲ့ နာကျင်မှုက မွှေးညင်းတွေပါထောင်တက်သွားစေပြီး သူတို့ရဲ့ ညီတော်ဖွားတွေကို ရလိုရငြားကာကွယ်ကြရင်းနဲ့အတူ အပြင်စည်းတပည့်တွေက ထိတ်လန့်တကြား ပြောလိုက်ကြပါတယ်။

"လင်းဖန်....တကယ့်အယုတ်တမာကောင်..."

ဒီကြောက်စရာအဖြစ်အပျက်ကသူတို့အား လုံးဝကိုအံ့သြမှင်သက်သွားစေခဲ့ပါတယ်။

"တိန်.....! အဆင့်၂ သိုင်းကျွမ်းကျင်မှု
《 မျောက်ဘုရင် မက်မွန်သီးခူးဆွတ်ဟန်သိုင်း 》
အဆင့် ၃သို့ရောက်ရှိ"

"တိန်......! အဆင့်နှစ်တပည့်ကျရှုံး အတွေ့အကြုံရမှတ် +5 "

"တိန်! အဆင့်နှစ်တပည့်ကျရှုံး အတွေ့အကြုံရမှတ် +3 "

အသန်မာဆုံးသောစနစ် (လင်းဖန်)Where stories live. Discover now