အပိုင်း (၄၈)

76 5 0
                                    

Unicode

အပိုင်း_၄၈: သမခြင်း

"ဟေ့လူ ဒီမှာ ခင်ဗျားက ကျနော့်ရဲ့ ကျောင်းသားတွေကို စော်ကားနေတာပဲဗျ.."

လင်းဖန်မှာ စားလက်စပန်းကန်အား ချလိုက်ပြီး ထိုသူများအား စိုက်ကြည့်လိုက်ပါတယ်။ တဆက်တည်းမှာပင်...

“ဟမ့်... မင်းတို့ဘိုးအေရှေ့ မှာများ လာပြီတော့
ကိုယ့်ဂုဏ်ကိုယ် ဖော်နေရဲသေးတယ်”
ဟုလည်း တွေးလိုက်မိတယ်။ အဲ့ဒီနောက်...

“ဟင့် အတန်း D က ကျောင်းသားတွေက ခုလောလောဆယ် အမှိုက်သာသာပဲဆိုပေမယ့် ငါ့လို ကြီးမြတ်ထူးခြားလှတဲ့ဆရာက ညွှန်ပြသင်ကြား
ပေးနေမှတော့ နာမည်တစ်ခု မရေးတွင်နိုင်ဘဲ နေမှာလားကွ”
ဟူ၍လည်း ဒေါသတကြီးဖြင့် ဆက်၍ တွေးနေမိပြန်ပါတယ်။

လျှိုကျင်ဖန်း၏ မျက်နှာချင်းဆိုင်၌ ထိုင်၍နေသော
ဆရာတစ်ဦးမှ လင်းဖန်အား ကြည့်လျက်မှ

“ဘာလဲဗျ... ခင်ဗျားက ဘာဖြစ်နေရတာလဲ”

ဟူ၍ မောက်မာသောအသံဖြင့် မေးလိုက်ပါတယ်။
လင်းဖန်မှာ သူ့အား ရန်လိုစွာနဲ့ မေးလိုက်သူအား ကြည့်လိုက်လျှင် အလယ်အလတ် ကောင်းကင်အဆင့် ၅ ရှိသူမှန်း သိလိုက်တယ်။

ဒါ့အပြင် တစ်စုံတစ်ယောက်သောသူ၌ သိုင်းပညာရပ်နဲ့ ပတ်သက်၍ ပါရမီမပါလာစေကာမူ ကြိုးကြိုးစားစားသင်ယူပြီး သင်ကြားပေးသော ဆရာမှလည်း ထိုက်သင့်သော ကိုက်ညီသော လမ်းကြောင်းအား ပြသနိုင်လေလျှင် အနည်းနဲ့ အများတော့ အကျိုးရှိမည်သာဖြစ်တယ် မဟုတ်ပါလော။

အဲ့ဒီအတွက်ပင် မိုးကောင်းကင်ကျောင်းတော်အား
တည်ထောင်သူမှာ တစ်ဦးတစ်ယောင်မျှ အလေအလွင့် မရှိရလေအောင် ထားရှိခြင်းပင် ဖြစ်တယ်။ သို့ရာ၌ အခုမိုးကောင်းကင် ကျောင်းတော်ခေါင်းဆောင်မှာ ယခင်ကျောင်းတည်းထောင်သူရဲ့ အစဉ်အလာအား
လိုက်နာသော်ငြား အတန်း D အားဆက်လက်၍
ကျောင်းသားဖြည့်ခြင်း မရှိတော့ပေ။

“စည်းကမ်း စည်းမျဉ်းတဲ့လား။ ဟဲ ဟဲ ဟဲ စိတ်တော့မရှိပါနဲ့ဗျာ။ ကျနော်က အဲ့ဒီစည်းကမ်းတွေ စည်မျဉ််းတွေတော့ မသိဘူးဗျ။ ဒါပေမယ့် ကျနော်ကျောင်းသားတွေကို စော်ကားမော်ကားပြောတာ
ကျနော်ကို စော်ကားတာနဲ့အတူတူပဲဗျ။ ကျနော်ကလည်း အလွယ်တကူနဲ့ ကျေအေးတက်တဲ့ သူတော့ မဟုတ်ဘူးဗျ..”
ဟု ခြောက်ကပ်ကပ်ဖြင့် ရယ်မောလျက် ပြောလိုက်တယ်။

အသန်မာဆုံးသောစနစ် (လင်းဖန်)Where stories live. Discover now