Unicode
"ပါရမီစစ်ဆေးခြင်းခန်းမ"
ခန်းမ၏ အမည်ဆိုင်းဘုတ်အောက်တွင် မတ်တပ်ရပ်ရင်းဖြင့် ထိုအမည်၏ခမ်းနားမှုတွင် လင်းဖန်အတွေးများထဲ နစ်မျောသွားပါတယ်။
ခန်းမ၏အမည်ကိုကြည့်သည်နှင့် အကောင်းဆုံးအရည်အချင်းရှိတဲ့ ပါရမီရှင်တွေကို ထုတ်ဖော်ပေးနေတာသိသာပါတယ်။ ဘယ်လိုကမ္ဘာဘဲဖြစ်ဖြစ် ပါရမီရှင်တွေကတော့ အမြဲတန်ဖိုးထားခံရပုံပါပဲ။
"ဂိုဏ်းတူညီလေး...ဝင်ကြရအောင်"
နီမင်းယန်၏ လင်းဖန်အပေါ်သဘောထားက လုံးဝတရင်းတနှီးဖြစ်သွားပါပြီ။ စိတ်မရှည်သလိုမျိုး မကောင်းတဲ့သဘောထားတွေမရှိတော့ပါဘူး။ ဒါပေမဲ့ ပေါင်ကြားက နေရာမှာတော့ နာကျင်မှုကို အခုထိ
နီမင်းယန်ခံစားနေရဆဲပါပဲ။"ဒီ ဂိုဏ်းတူညီလေးရဲ့တိုက်ကွက်က နည်းနည်းတော့ရက်စက်တယ်..ဒါကို ဂိုဏ်းတူအကိုမန်ဆီ အစီအရင်ခံရမယ်" ပေါင်ကြားကိုလက်ကရောက်သွားရင်းနဲ့ နီမင်းယန်တွေးလိုက်မိပါတယ်။
"ဟုတ်ကဲ့...ဟုတ်ကဲ့..ဝင်ကြမယ်အကို"
အတွေးထဲမျောနေရာမှ ပြန်သတိကပ်လာပြီး လင်းဖန်ကအထဲဝင်နေပြီဖြစ်တဲ့ နီမင်းယန်ကို ခေါင်းညိတ်ရင်ပြောလိုက်ပါတယ်။
ခန်းမထဲဝင်လာရင်းနဲ့ လင်းဖန်သိလိုက်ရတာကတော့
သူတော်စင်နတ်ဆိုးဂိုဏ်းက တကယ့်ကို ဂိုဏ်းကြီးတစ်ခုဆိုတာ သတိထားမိလိုက်ပါတယ်။ ခန်းမကြီးကိုက အလွန်ကြီးမားပြီး မရောက်ဖူးသူများဆိုက
လမ်းပါပျောက်သွားနိုင်ပါတယ်။"အပြင်စည်းတပည့်နီမင်းယန်..ပါရမီရှင်တစ်ယောက် ကို ခန်းမသို့အကြံပြုချင်ပါတယ် အကြီးအကဲလီကိုပါဝင်ဆောင်ရွက်ပေးဖို့ တောင်းခံပါတယ်"
အဝင်ဝမှာ ရိုသေစွာ မတ်တပ်ရပ်ရင်းနဲ့ နီမင်းယန်ကပြောလိုက်ပါတယ်။
"လက်ခံတယ်"
ထိုအချိန်မှာဘဲ မှောင်မဲနေသော ခန်းမဘက်ခြမ်းမှအသံသဲ့သဲ့ထွက်ပေါ်လာပါတယ်။ထိုအသံက အေးစက်ပြီးတော့အရိုးထဲထိစိမ့်သွားအောင်ကြောက်ရွံစေပါတယ်။ လင်းဖန်လိုအကြောက်အရွံ့မရှိသူတောင်မှ အနည်းငယ် စိတ်လှုပ်ရှားသွားပါတယ်။