အပိုင်း (၁၀)

143 13 0
                                    

Unicode

"အစ်ကိုနီ..ကျနော်တို့ နေရာမှားလာတာတော့ မဟုတ်ပါဘူးနော်"

လင်းဖန်မှာ သူနေရမည့်နေရာအားမြင်သောအခါ အလွန်ပင် စိတ်ပျက်သွားသည်။ အခန်းထဲတွင် အိပ်စရာနေရာတစ်ခုကလွဲ၍ ဘာမှမရှိချေ။ အကိုကြီးမန်၏အခန်းနဲ့ မိုးနှင့်မြေကဲ့သို့ ကွာခြားလှပါတယ်။

"မမှားပါဘူး အစ်ကိုတို့ အပြင်စည်းတပည့်တွေ
အားလုံး ဒီနေရာမှာပဲ နေကြရတာ"

နီမင်းယန်မှာ ရယ်မောကာပြောလိုက်ပါတယ်။ ထပ်မံ၍လည်း...

"ညီလေး ကြိုးစားထားကွ၊ မင်းရဲ့အဆင့်သာမြင့်လာရင် ဒီထက်ကောင်းတဲ့နေရာကိုရောက်မှာ မင်းက ပါရမီရှင်ဘဲကွာ၊ ကြိုးစားရင်ဖြစ်လာမှာပါ"
ဟူ၍ လင်းဖန်အား အားပေးစကားပြောလိုက်ပါတယ်။

"ဟုတ်ကဲ့..နီအစ်ကို၊ ဒါနဲ့ အကိုကြီးမန်ရဲ့အိပ်ရာနဲ့ အပြင်စည်းတပည့်တွေရဲ့နေရာက ဘာလို့ကွဲပြားခြားနားနေရတာလဲ"

"အကိုကြီးမန်က အပြင်စည်းတပည့်တွေရဲ့ ထိပ်ဆုံး ၁၀ ယောက်ထဲကတစ်ယောက်လေ။ ငါတို့နဲ့ ဘယ်တူပါ့မလဲကွာ။ ပြီးတော့ သူက ထိပ်ဆုံး ၁၀ယောက်မှာ နံပါတ် ၁လေ။ ကြိုးစားပါညီလေး မင်းလည်း တစ်နေ့
ထိပ်ဆုံးတစ်ယောက်ဖြစ်လာမှာပါ"

လင်းဖန်မှာ နီမင်းယန်အား ကြည့်ပြီး ခေါင်းငြိမ့်လိုက်တယ်။ စိတ်ထဲမှလည်း
"ဟင်း....ဘာအရေးလဲ ငါ့လိုပါရမီရှင်တစ်ယောက်က နည်းနည်းလေး ကြိုးစားလိုက်ရင် ဒီအထူးချွန်ဆုံး ၁၀ ယောက်ဆိုတာ ငါ့ကိုအမှတ်တွေ အလကားလာပေးမယ့်သူတွေ အဆင့်ပဲရှိတယ်..ဟဲ..ဟဲ"
ဟူ၍ တွေးကာ ပြုံးနေပါတော့တယ်။

"ဟာ...မဖြစ်သေးပါဘူး ငါကြောင်လက်သည်းဖွက်သလိုနေပြီး ကြိတ်ကြိုးစားရမယ်။ ခရီးရှည်တစ်ခုကို ဖြေးဖြေးမှန်မှန်သွားတာပဲ ကောင်းပါတယ်လေ"
ဟူ၍ ပြန်တွေးမိပါတယ်။ ထို့နောက်မှ...

"အစ်ကိုနီ အပြင်စည်းတပည့်တွေ အားလုံးဘယ်လောက်ရှိလဲဗျ"

"ကျောင်းသားအားလုံး ရှစ်ထောင့်ရှစ်ရာနဲ့ ရှစ်ဆယ့်နှစ်ယောက်ရှိတယ်ကွ"

လင်းဖန်မှာ ထိုစကားကိုကြားရသော်..
"ဟား...ကျောင်းသားပေါင်း ၈ထောင်ကျော်ဆိုပါလား ငါသာသူတို့ကို နည်းနည်းလေးလှည့်ပေးလိုက်ရင်
ငါ့အတွက် တစ်ကယ့်အမှတ်သမုဒ္ဒရာကြီးပဲ ဟား.... ဟား...ဒါဆို ကောင်းကင်အဆင့်ကို ခဏလေးရောက်သွားမှာပဲ"

အသန်မာဆုံးသောစနစ် (လင်းဖန်)Where stories live. Discover now