အပိုင်း (၃၂)

100 9 0
                                    

Unicode

တောအုပ်အတွင်း၌ နေပျောက်မထိုးအောင် အရိပ်အာဝါသ ကောင်းရုံသာမက တောရိုင်းသားရဲကောင်များ၏ ဟိန်းသံမှာလည်း ဟိုဘက်မှသဲ့သဲ့ ဒီဘက်မှသဲ့သဲ့ ကြားနေရပါတယ်။ လင်းဖန်မှ တော်ရုံတန်ရုံဖြင့် ကြောက်လန့်တတ်သူ မဟုတ်စေကာမူ တော၏ခြောက်လန့်မှုကြောင့် အနည်းငယ် စိုးရွံ့နေပါတယ်။

"အင်း...ငါလျှောက်လာတာလည်း အချိန်နည်းနည်းကြာပြီဆိုတော့ ဂိုဏ်းနဲ့လည်း တော်တော်လေး လှမ်းလောက်ပြီ အခုတော့ အနားယူအုံးမှပါလေ မနက်ဖြန်မှ ခရီးဆက်တာပေါ့"

ဟု တွေးလျှက် အရိပ်ကောင်းသော သစ်ပင်ကြီးအောက်ရှိ သစ်ရွက်များ ဖုံးလွမ်းနေသော နေရာ၌ လဲလျောင်းကာ အနားယူလိုက်ပါတယ်။ ဤတောအုပ်အတွင်း၌ အန္တာရယ် မည်သို့မည်မျှ ရှိမည်ကို မသိနိုင်ချေ။ သို့ရာ၌ ဂိုဏ်းတွင်နေထိုင်စဉ်က ဤတောအုပ်အတွင်း မည်သို့မည်မျှ အန္တာရာယ်များလှကြောင်း မကြာခဏ ကြားသိရသော်လည်း ကိုယ်တိုင်ကြုံဖူးခြင်း မရှိသဖြင့် မည်မျှအထိ အန္တာရာယ်များကြောင်း
သူအနေဖြင့် မသိနိုင်ချေ။

"ရွှီ.....ရွှီ...."

ပတ်ဝန်းကျင်၌ လေတိုးသံမှတပါး တိတ်ဆိတ်၍ နေလေကာ လင်းဖန်မှာ သစ်ပင်ခြေရင်း၌ လှဲလျောင်းကာ အိပ်ပျော်နေပါတော့တယ်။ မြက်ရိုင်းတော တစ်နေရာ၌ နီရဲနေသော မျက်လုံးအစုံမှာ လက်ခနဲ ဖြစ်၍ လင်းဖန်၏ အခြအနေကို စောင့်ကြည့်နေပါတယ်။
ထိုအနီရောင်မျက်လုံးအစုံမှာ သွေးဆာနေသော အရိပ်များ စွန်းထင်းနေကာ အိပ်ပျော်နေသော လင်းဖန်ထံသို့ တဖြည်းဖြည်းချင်း တိုးကပ်၍ လာပါတယ်။

ထိုစဉ် အိပ်ပျော်နေသော လင်းဖန်မှာ သူ့ထံကျရောက်မည့် အန္တာရာယ်အား စိုးစဉ်းမျှ မရိပ်မိချေ။ ထိုအနီရောင်မျက်လုံးအစုံမှာ တောရိုင်းသားရဲ၏ မျက်လုံးဖြစ်ကာ ထိုသားရဲမှာ လူတစ်ရပ်စာမျှ ကြီးမားကာ အမြီးမှာလည်း အမွေးတို့ ဖွာ၍နေပါတယ်။ ကြီးမားတုတ်ခိုင်လှသော ခြေလက်တို့တွင် ချွတ်ထက်နေသော လက်သည်းများပါရှိကာ ၎င်း၏ ကျောကုန်းတွင် နီရဲနေသော အမွေး၂ချောင်းမှာ မိုးပေါ်သို့ ထောင်လျှက်ရှိပါတယ်။ သွားများမှာလည်း သံအားကိုက်ဖြတ်နိုင်လောက်အောင် ချွန်မြနေလေရာ အရှေ့ဘက်မှ ကြည့်ပါက ခွေးနှင့်အလား သဏ္ဍာန်တူနေပါတယ်။ ဤသွေးနီလခွေးဘီလူးမှာ ဤတောအုပ်တွင်ကျက်စားသော တောရိုင်းသားရဲဖြစ်ပြီး ၎င်းနှင့် ပက်ပင်းတိုးသော အစောပိုင်း ကောင်းကင်အဆင့်သာမက အလယ်အလတ်ကောင်းကင် အဆင့်ပါ အသက်ရှင်နိုင်ဖွယ် မရှိပေ။

အသန်မာဆုံးသောစနစ် (လင်းဖန်)Where stories live. Discover now