Unicode
ထိုအချိန်၌ လင်းဖန်မှာ သရဲသပတ်စီးသကဲ့သို့ အုတ်ခဲများအား ဖားဖိုအတွင်းသို့ တရစပ်ပင် ထည့်နေပါတော့တယ်။ ပစ်ထည့်နေသော အုတ်ခဲများမှာလည်း အကျိုးအပဲ့များအဖြစ် ပြန်ထွက်လာနေတုန်းပင် ဖြစ်ပါတယ်။ သို့ရာတွင် သူ၏ပန်းပဲပညာအတွက်
ရမှတ်များမှာ တိုး၍တိုး၍လာနေပါတယ်။ ရမှတ်များတိုးလာပြီး သူကာ စတုတ္ထပန်းပဲပညာရှင်အဆင့်သို့ ရောက်လာသော်လည်း အုပ်ကြွပ်အကျိုးများသာ ထွက်လာလေရာ မိမိကိုယ်မိမိ သံသယဖြစ်လာမိလေပါတော့တယ်။"အင်း....ငါမှာလည်း ပန်းပဲဆရာသာဖြစ်လာတာ အခုထိ အုပ်ကြွပ်အကျိုးတွေပဲ ထွက်လာတုန်းပါပဲလား"
လင်းဖန်မှာ အနီးအနားရှိ အုပ်ကြွပ်အကျိုးပုံအား
ကြည့်လျှက် မသက်မသာပင် ခံစားလိုက်ရပါတယ်။"အေး...ငါ့လိုဆရာကြီးက ဒီလိုဖြစ်နေတယ်ဆိုတာ ငါမယုံဘူးဟေ့..."
လင်းဖန်မှာ လုပ်လိုက်တိုင်း အုတ်ကြွပ်အကျိုးများသာ ထွက်၍ထွက်၍လာလေရာ ရူးသွားသွားသူအလား အော်ဟစ်ကာ အုတ်ခဲများအား ဖားဖိုထဲသို့ တရပ်စပ်ပစ်ထည့်ပါတာ့တယ်။
"တိန်....အပျက်အစီး ဖြစ်သွားသည်။"
"တိန်.....အပျက်အစီး ဖြစ်သွားသည်။"
လင်းဖန်မှာ သူ့ရှေ့ရှိ လုံးဝပင်ပြောင်ရှင်းသွားရှာသော
အုတ်ကြွပ်ခြံစည်းရိုး ၃ခုအားကြည့်ကာ စိတ်ပျက်လက်ပျက်ပင် ညည်းညူလိုက်ပါတယ်။"ဘယ်လို ဖြစ်ရတာလဲကွာ"
လင်းဖန်မှာ ပန်းပဲဆရာအဆင့် စတုတ္ထအဆင့်သို့ရောက်ရှိလာသော်လည်း မည်သည့် တူတူတန်တန်ပစ္စည်းတစ်ခုတစ်လေမျှ ဖန်တီးနိုင်ခြင်း မရှိသေးချေ။ လင်းဖန်မှာ သူ၏အခြေအနေကိုကြည့်၍ မယုံနိုင်ရှာပင်ဖြစ်နေပါတယ်။
"ဒါ အဓိပ္ပါယ်မရှိဘူး....ငါအရင်တုန်းကပန်းပဲပညာကို အရူးအမူးဖြစ်ခဲ့တာပါ။ ဒီကမ္ဘာကို ရောက်မှ အစုတ်အပျက် တစ်ခုတစ်လေတောင် မဖန်တီးနိုင်ဘူးဆိုတော့ မဟုတ်သေးဘူး"
လင်းဖန်မှာ တစ်နေကုန် ပန်းပဲဖိုနှင့် အလုပ်ရှုပ်နေလေရာ နေပင်စောင်းလာပါတော့တယ်။ ဝင်ခွင့်ဖြေဆိုမှုအား သွားရောက်ကြည့်ရှုသော တပည့်များမှာလည်း တစ်ဦးပြီးတစ်ဦး ပြန်၍ရောက်ရှိလို့လာပါတယ်။