Unicode
အပိုင်း_၅၀: အမှန်တရားများ ထွက်ပေါ်လာခြင်း
လင်းဖန်မှာ အသာအယာပင်ပြုံးလျက် ရပ်လို့နေတယ်။ ဟူပင်ရဲ့ ပုဆိန်ခုတ်ချက်ကြောင့် သူ့ရဲ့ ပုခုံးမှာမူ ခပ်သာသာ လှုပ်ယမ်းသွားရုံမှတပါး ဘာမှမဖြစ်လိုက်ပေ။
"မဆိုးဘူးပဲ။ "သုံးလွှာပုဆိန်သိုင်း" ဆိုတဲ့အတိုင်း
နာမည်ကျော်ထိုက်ပါပေတယ်။ တချက်ထက် တချက် ပိုပြီးအားပြင်းလာတာပဲ သာမန် သိုင်းသမားဆိုရင် ခုခံဖို့မလွယ်လှဘူးပဲ"ဟူ၍ လင်းဖန်မှာ အသာအယာပင်ပြုံးလျက် ချီးကျူးစကား ဆိုလိုက်ပါတယ်။
"တိန်... ဂုဏ်ယူပါတယ်။ 《ထာဝရ နတ်ဆိုးခန္ဓာကိုယ်》 ရမှတ် +3000"
လင်းဖန်မှာ စိတ်ရင်းအတိုင်း ချီုးကျူးလိုက်ခြင်းသာဖြစ်တယ်။ သုံးလွှာလှိုင်းပုဆိန်သိုင်းရဲ့ အရှိန်အဟုန်ကြောင့် သူ့ရဲ့ခန္ဓာကိုယ်ကျင့်စဉ် ရမှတ်ပင် အတော်ရလိုက်သည် မဟုတ်ပါလား။
ဟူပင်မှာမူ မယုံနိုင်ဟန်ဖြင့် လင်းဖန်အား ကြည့်လျက်မှ..
"ငါ့ပုဆိန်ကို လက်နက် မပြောနဲ့ လက်တောင်မသုံးဘဲ
ဒီအတိုင်း ငြိမ်ပြီး အခုတ်ခံတယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ဟူ၍ တွေးနေရှာပါတယ်။အတန်း (D) မှ ကျောင်းသားများမှာ သူတို့ရဲ့ ဆရာအဖြစ်အား မကြည့်ရက်လေဟန် မျက်လုံးများပိတ်၍ထားမည်ပြုပြီးမှ ဝမ်းသာအားရဖြင့် ဟစ်အော်ကာ အားပေလိုက်ကြပါတော့တယ်။
"ဆရာအရမ်းတော်တာပဲ"
မည်သို့သောသူသည် ပိုင်နိုင်မှုမရှိဘဲ အခုကဲ့သို့
လေးယောက်တစ်ယောက် ယှဉ်ပြိုင်ဖို့ စိန်ခေါ်ရဲမည်နည်း။လင်းဖန်မှာ ဟူပင်ဘက်မှ အားပေးခဲ့သောကျောင်းသားများအားကြည့်လျက် နှမြောတသလေသံဖြင့်...
"အင်း... မင်းတို့တွေ ဒီလူရဲ့ တပည့်ဖြစ်ရတာ အနာဂတ်အတွက် ရင်လေးစရာပါပဲလား"
ဟု ငြီးတွားလိုက်ပါတယ်။အဲ့ဒီနောက် လင်းဖန်မှာ ပြန်လည်တိုက်ခိုက်ခြင်းမပြုဘဲ ဟူပင်အား နောက်သို့တွန်းလိုက်ပါတယ်။