Unicode
အပိုင်း_၄၆: အဓိက အရေးကြီးဆုံးသော အချက်
ယနေ့သည် လင်းဖန်အတွက် အမှန်ပင် အဓိပ္ပါယ် ပြည့်ဝသောနေ့တစ်နေ့ ဖြစ်၍နေတော့တယ်။ အဘယ်ကြောင့်ဟူမူ ယခုလင်းဖန်မှာ ဆရာတစ်ယောက်ဖြစ်နေပြီ မဟုတ်ပါလား။ ထို့အတွက် သူ၏ ပြောသမျှ စကားတိုင်းသည်လည်းကောင်း သူ၏ အပြုအမူတိုင်းသည်လည်းကောင်း ကျောင်းသားများ၏ အနာဂတ်ဖွံ့ဖြိုးမှုအား များစွာသက်ရောက်မှု ရှိနေပါတယ်။
ထို့အတွက် လင်းဖန်မှာ အစစအရာရာအား အလေးအနက်ပင် ပြုမူပြောဆိုနေတော့တယ်။
ထို့အပြင် ယခုတဖန် လင်းဖန်မှာ သူ၏ အသက်မွေး ဝမ်းကျောင်းအလုပ်တွင် ဆရာအလုပ်ပါ ထပ်၍ တိုးလာလေရာ မည်သို့ အကျိူးသက်ရောက်နိုင်သည်ကိုလည်း သိချင်နေမိလေတယ်။
"အလုပ်အကိုင် ဆရာ
အကျိုးရလဒ် စကားလုံးတိုင်း စာကြောင်းတိုင်းသည် ကြားနာရသော တပည့်များအဖို့ ကြီးမားသော သက်ရောက်မှုရှိလေသည်။ စကားလုံးတိုင်းသည် တပည့်များအဖို့ တန်ဖိုးမဖြတ်နိုင်ပေ။"ဒေတာစနစ်မှ ဖော်ပြချက်အား ကြားလေသော် လင်းဖန်မှာ ခေါင်းကိုသာ ယမ်းလိုက်မိလေတော့တယ်။ ယခုအချိန်အထိ ဆရာအလုပ်မှာ သူ့အတွက် မည်သို့ အထောက်အကူပေးနိုင်သည်ကို နားမလည်နိုင်အောင် ဖြစ်နေမိပါတယ်။
လင်းဖန်မှာ သူ၏ ဒေတာစနစ်မှဖော်ပြသော ဆရာအလုပ်အား နားမလည်သော်ငြား သူ၏ လက်ရှိ အနေအထားမှာမူ အရှင်းလွန်နေတော့တယ်။ လင်းဖန်မှာ ယခုအခါ ဂုဏ်သိက္ခာ ကြီးမားလှသော ဆရာတစ်ဦး ဖြစ်၍နေလေရာ ဤ မထုံတတ်တေးနှင့် သူ၏ တပည့်များအတွက် သင်ခန်းစာများ ပြင်ဆင်ထားရမည် သာဖြစ်လေတယ်။ လင်းဖန်မှာ သူ၏ အရင်ကမ္ဘာ၌ နေထိုင်စဉ်က ဝတ္တုများစွာအား ဖတ်ထားဖူးကာ အပြည့်အစုံ အားမှတ်မိလေခြင်း မရှိစေကာမူ ဝတ္ထုများ၏ အစောပိုင်း ဇာတ်ကြောင်းများကိုမူ မှတ်မိ၍ ပြန်ပြောနိုင်သေးတယ်။ ထို့ကြောင့်ပင် လင်းဖန်မှာ သူဖတ်ဖူးသော ဝတ္တုတွေထဲမှာ တစ်ခုဖြစ်သော ''ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း'' ဝတ္တု၏ ပထမဆုံးအခန်းအား ပြောပြ၍ နေပါတယ်။ ထိုဇာတ်ကြောင်းအား ပြောပြခြင်းဖြင့် ဤယုံကြည်မူ ပျောက်ဆုံးကာ ပန်းတိုင်မဲ့၍နေသော သူ၏တပည့်များအတွက် စိတ်ခွန်အားတက်၍ လာမည် မဟုတ်ပါလား။