Chapter 12 : ဆေးအညွှန်း အတည်ပြုခြင်း
"အဖေ၊ ကျွန်မ ဒါကို အမေ့အတွက် တကယ်လုပ်ထားတာပါ။ တကယ်လို့ အဖေ ကျွန်မရဲ့ဆေးညွှန်းကို မယုံဘူးဆိုရင် ကျွန်မတို့ ဒါကို ဆရာဝန်တစ်ယောက်ဆီ သွားပြကြည့်လို့ရတယ်လေ။ တကယ်လို့ သူတို့က ကျွန်မရဲ့နည်းလမ်းကို ငြင်းခဲ့ရင်တော့ ကျွန်မကို အဓိပ္ပာယ်မရှိလျှောက်ပြောနေတယ်လို့ ပြောဖို့ အရမ်းနောက်ကျသေးမှာမဟုတ်ပါဘူး။"
ကျင်းယွင်ကျောင်းက ပြောလိုက်သည်။သူမသည် ယဲ့ချင်အပေါ်၌ သူမအား ကျွေးမွေးပြုစုခဲ့သည့် ကျေးဇူးကြွေးတင်နေသောကြောင့်သာ ကယ်တင်ချင်ခဲ့ခြင်းဖြစ်၏။ အကယ်၍ သူတို့သည် ယဲ့ချင်အား ကယ်တင်ရန် စီစဥ်ခဲ့လျှင်လည်း သူမသည် ယခင်အတိုင်းပင် ဆက်လက်ပြုမူနေဦးမည်ဖြစ်၏။ သူတို့ဆီမှ သူမရရှိခဲ့သည့် ဂရုစိုက်မှုဟုခေါ်ဆိုရမည့် နှစ်ကာလများအတွက်ကြောင့် ကျင်းယွင်ကျောင်းသည် အချိန်ကြာကြာ တွန့်ဆုတ်နေမည်မဟုတ်ပေ။၊
ချောင်ဝေ့မင်က သူမပြောသည်အား ကြားပြီးနောက် အထင်အမြင်သေးစွာ နှာခေါင်းရှုံ့လိုက်သည်။ သူသည် ဤစက်ဆုပ်ဖွယ်ရာကောင်းသော အမိုက်အမဲ၏ဆေးညွှန်းအား ယုံကြည်စိတ်ချရမှုကို လျစ်လျူရှုလိုက်ပြီး ယဲ့ချင်အား ကယ်တင်နိုင်မည့် တခြားရွေးချယ်မှု ရှိဦးမည်ဆိုလျှင်တောင်မှ သူ လုံးဝသဘောတူမည်မဟုတ်ပေ။
(T/N : ပြောချင်တာက ယဲ့ချင်ကိုကယ်ဖို့ ယွင်ကျောင်းဆီက ဆေးညွှန်းအပြင် အခြားနည်းလမ်းရှိသေးရင်တောင်မှ ထပ်ကုမပေးနိုင်ပါဘူးတဲ့ ။ ပိုက်ဆံကုန်လို့ :3 )
ယဲ့ချင် ရောဂါဖြစ်နေသည်မှာ အချိန်အတော်ကြာပြီဖြစ်၍ သူတို့သည် သူမအတွက် ယွမ်နှစ်သောင်းကျော် သုံးစွဲခဲ့ရပြီးဖြစ်၏။ အကယ်၍ ဆေးကုသမှုခံယူပြီးသည့်တိုင် သူမသည် သတိလစ်မေ့မြောနေပြီး သေမှန်း ရှင်မှန်းမသိနိုင်သည့် အခြေအနေတွင်သာ ဆက်ရှိနေဦးမည်ဆိုပါက အနာဂတ်တွင် ကုန်ကျမည့် သူမ၏ဆေးကုသစရိတ်များအား ထည့်သွင်းစဥ်းစားရပေဦးမည်။ ထိုစရိတ်များအား ဘယ်သူက လာပေးပါမည်နည်း။
သူသည် သူ၏အိပ်ရာကို နွေးထွေးစေရန်နှင့် သူ၏သားသမီးများကိုမွေးဖွားပေးရန် ဇနီးမယားတစ်ယောက်ကို လက်ထပ်ခဲ့ခြင်းဖြစ်သည်၊ ကျန်းမာရေးချူချာသည့် ဝန်ထုပ်ဝန်ပိုးတစ်ခုကို လက်ထပ်ခဲ့ခြင်းမဟုတ်ပေ။