Chapter 176 : အပေါ်ယံ ရွှေမှုန်ကြဲ
ကျင်းယွင်ကျောင်းသည် သူတစ်ပါး၏ အရေးကိစ္စကို ဝင်ရောက်စွက်ဖက်တတ်သူ မဟုတ်သော်လည်း ကန်စုန့်ပိုင်နှင့် ရှန်းမိသားစုက အချင်းချင်း သိကျွမ်းနေကြရာ ယခုအချိန်၌ သူမ၏ အမူအယာက အနည်းငယ် လေးပင်နေသည်။
"ငါ ဒီအဖွားအိုကြီးကို ကယ်နိုင်ရင်တောင်မှ သူက ကျေးဇူးတရားကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။ ဘယ်သူသိမှာလဲ။ သူ့ရဲ့စိတ်ထားက အရင်ကထက် ပိုဆိုးလာပြီး မင်းကို ပိုနှိပ်စက်ရင်ရော။ ငါ့ကို မင်းရဲ့အမေနဲ့ တွေ့ဖို့ ခေါ်သွားပေး"
အနည်းငယ် စဥ်းစားပြီးနောက် ကန်စုန့်ပိုင်က အကြံပြုလိုက်၏။
"ရှင်က အဲဒီကို သွားကြည့်ပေးဖို့ ဆန္ဒရှိတာထက် ပိုကောင်းတာတော့ မရှိတော့ပါဘူး။ ဒါပေမယ့် ချင်ဇစ်ရွှယ်က ကျွန်မကို ဟွားနင်ခရိုင်ကနေ လုံးဝ ခွာခွင့်မပြုဘူး။ သူက အပြင်လူတွေ လာလည်တာ အားလုံးကို ငြင်းပယ်ဖို့ လူနာရဲ့မိသားစုအနေနဲ့ သူရဲ့အခွင့်အရေးကို သုံးပြီး စီမံထားသေးတယ်။ ကျွန်မ အမေ့ကို လုံးဝ တွေ့လို့မရဘူး"
ရှန်းကျင်က စိုးရိမ်တကြီး ရှင်းပြလိုက်သည်။
ကျင်းယွင်ကျောင်းက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ရင်း ဤအမျိုးသမီးအတွက် တစ်ခုခု ကူညီပေးချင်သလို ခံစားနေရ၏။
လက်ရှိအချိန်တွင် ကျင်းယွင်ကျောင်း၏ ကုမ္ပဏီသည် လူ့စွမ်းအားအရင်းအမြစ်ချို့တဲ့နေခဲ့သည် (ဝန်ထမ်းမလုံလောက်)။ ဝန်ထမ်းအသစ် ခန့်ရသည်မှာ လွယ်သော်လည်း အမှန်တကယ် စွမ်းရည်ရှိသူက အရေအတွက် အနည်းအကျဥ်းသာ ရှိသည်။ အကယ်၍ ရှန်းကျင်၏ စကားများကသာ မုသားမဟုတ်ပါက သူမသည် ရှန်းကျင်အား သူမ၏ တောင်ပံများအောက်သို့ ဆွဲသွင်းပေးနိုင်၏။ ၄င်က ဆိုးသည့်ကိစ္စ မဟုတ်ပေ။
သို့ရာတွင် ရှန်းကျင်၌ အမှန်တကယ် စွမ်းရည်ရှိမရှိကို သူမ အတည်မပြုနိုင်သေးသည်ဖြစ်ရာ ကျင်းယွင်ကျောင်းသည် ကုမ္ပဏီကိစ္စကို အရင်ဆုံး ထုတ်မပြောသေးပေ။
ရှန်းကျင်၏ ရှင်းပြချက်အရ ကန်စုန့်ပိုင်တွင် မည်သည့် ရွေးခြယ်စရာမှ မကျန်တော့ပေ။ သူ၏ ဒေါသများနှင့် မချင့်မရဲဖြစ်မှုများကိုသာ ဖိနှိပ်နေရုံပင်။ ရှန်းကျင်က ထပ်မံ၍ သက်ပြင်းချလိုက်၏။