Chapter 133

2.4K 169 0
                                    

Chapter 133 : မြက်နုစားနေသော နွားအိုကြီး

လီရှောက်ယွင်က စကားဆုံးသည်နှင့် အကြိမ်ရေအနည်းငယ်ခန့် ခြောက်ကပ်ကပ် ချောင်းဆိုးပြလိုက်သည်။ သူ၏ မက်မွန်ပွင့်သဏ္ဍာန်မျက်ဝန်းအစုံက သူ၏ စကားများထဲတွင် မုသားတစ်လုံးမှမပါဟု ကျင်းယွင်ကျောင်းအား သက်သေပြနေသည့်အလား စိုက်ကြည့်နေ၏။

လက်ရှိအချိန်၌ နှစ်ဦးသားသည် အတော်လေးနီးကပ်စွာ ရပ်နေကြသည်။ ကျင်းယွင်ကျောင်း၏ ဦးခေါင််းက သူ၏ မေးစေ့နှင့် တတန်းတည်း ဖြစ်နေ၏။ သူမ၏ ပိန်ပါးလျသော ပုံရိပ်က လီရှောက်ယွင်အား ပို၍ပင် အရပ်ရှည်၍ ခံ့ညားသွားစေသည်။

ကျင်းယွင်ကျောင်းသည် သူ၏ ခန္ဓာကိုယ်ပေါ်မှ ခပ်ဖျော့ဖျော့ရနံ့တစ်မျိုးရနေ၏။ ၎င်းအနံ့က မနှစ်မြို့စရာတော့ မကောင်းပေ။ သူ၏ သိမ်မွေ့၍ သာယာသော အသံကိုပါ ထည့်ပေါင်းလိုက်ပါက လူများကို မကောင်းသော ရည်ရွယ်ချက်များထားရှိစေရန် ခက်ခဲစေသည်။ သူ၏ မျှော်လင့်ချက်အပြည့်နှင့် အကြည့်များအား မြင်သောအခါ သူမက အလျှော့ပေးလိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။

လီရှောက်ယွင်က လက်ကမ်းပေးလိုက်သည်။ သူ၏ လက်ချောင်းများမှာ ရှည်လျား သွယ်လျနေသော်လည်း အသားမာများကို မြင်လိုက်ရသဖြင့် သူမ၏ မျက်လုံးထဲတွင် အံသြမှုများ လျှပ်တပြက် ဖြတ်ပြေးသွားသည်။

တုလင်းက သူ့အား သခင်လေးလီဟု ခေါ်ညွှန်း၍ သူသည် အသက်ငယ်ငယ်ရွယ်ရွယ်မှာပင် ထျန်းရှန်းလော်အား စီမံအုပ်ချုပ်နိုင်၏။ ထို့အပြင် သူသည် မြို့တော်မှ လူတစ်ယောက်ဖြစ်ပြီး သူ၏ မိသားစုအခြေအနေသည် အတော်လေး ကောင်းမွန်သည်။ သို့သော် သူမ၏ ထင်မြင်ချက်အားလုံးက သူ၏ လက်ပေါ်ရှိ အသားမာများက ပြောပြနေသည်များနှင့် ဆန့်ကျင်ဘက်ဖြစ်နေ၏။ ဒါက ကာယအလုပ်ကြမ်း လုပ်ရလို့ ကျန်ခဲ့တာတွေတော့ မဖြစ်နိုင်ဘူး၊ ဟုတ်တယ်မလား။

သို့ရာတွင် သူမ၏ သိချင်စိတ်က မပြင်းထန်ပေ။ အခိုက်အတန့်မျှ နားမလည်နိုင်ဖြစ်သွားရုံသာ ဖြစ်၏။ သူမက ဆက်လက်၍ သူ၏ သွေးခုန်နှုန်းကို စိတ်ရှည်လက်ရှည် စမ်းသပ်ပေးနေလိုက်သည်။  သို့သော် သန်မာ၍ အားအင်ပြည့်ဝနေသော သွေးခုန်နှုန်းကို စမ်းပြီးသည့်နောက် ကျင်းယွင်ကျောင်းသည် ပြောစရာစကား ကင်းမဲ့သွား၏။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now