Chapter 151 : ဆောရီး၊ ဒါပေမယ့် ငါ နင့်ကို လိုက်လျောမပေးနိုင်ဘူး
ထန်ကျစ်ဟွား၏ စကားလုံးများက ကြမ်းတမ်းသော်လည်း သူက ဟယ့်ကျားစစ်အား အနည်းငယ် ကာကွယ်ပေးနေခြင်းဖြစ်ကြောင်း ကျင်းယွင်ကျောင်း ပြောနိုင်၏။
လက်ရှိတွင် သူတို့လေးယောက်၏ ဘေး၌ မည်သူမှမရှိပေ။ အကယ်၍ အခြားကျောင်းသားများသာ ရောက်နေပြီး ဖြစ်ပါက ထန်ကျစ်ဟွား ဟယ့်ကျားစစ်အား ဆူပူနေသည်များက ငြင်သာသော သတိပေးချက်တစ်ခုထက် မပိုသောအရာအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်သာ။
သို့ရာတွင် ထန်ကျစ်ဟွား၏ အလိုလိုက်မျက်နှာသာပေးမှုက ကျင်းယွင်ကျောင်း မျှော်လင့်ထားသလိုသာ ဖြစ်၏။
သူတို့သည် ရည်းစားများ မဟုတ်ကြလျှင်တောင်မှ ငယ်စဥ်ကတည်းက အစ်ကိုကြီးနှင့် ညီမလေးကဲ့သို့ အတူတကွ ကြီးပြင်းခဲ့ကြခြင်း ဖြစ်သည်။ အကယ်၍ ထန်ကျစ်ဟွားက ဟယ့်ကျားစစ်အား မျက်စိစုံမှိတ်၍ ရှုတ်ချနေပြီး မည်သည့်သနားကြင်နာမှုကိုမှ မပြသခဲ့ပါက သူမသည် ထန်ကျင်ဟွား၌ နှလုံးသားရှိ၊ မရှိ မေးခွန်းထုတ်မိလိမ့်မည်။
"ကျင်းယွင်ကျောင်း၊ နင့်ကို အထင်လွဲခံခဲ့ရစေလို့ တောင်းပန်ပါတယ်"
ထန်ကျစ်ဟွားက တောင်းပန်လိုက်၏။
ကျင်းယွင်ကျောင်းက အနည်းငယ် သာမန်ကာလျှံကာဖြင့် မျက်လုံးပင့်၍ ကြည့်လိုက်သည်။
"ဒါက ပထမဆုံးအကြိမ်မို့လို ငါ ဒါကို ဗွေမယူဘူး။ ဒါပေမယ့် နောက်တစ်ခါကျရင်တော့ အချို့လူတွေက မသင့်တော့်တာတွေကို မပြောဖို့ ငါမျှော်လင့်တယ်။ ငါက ပြန်ရန်မလုပ်ပေမယ့် ဒါက ငါ့မှာ ဒေါသမရှိဘူးလို့ မဆိုလိုဘူးလေ။ တကယ်လို့ နင်က ငါ့ကို လာလှုံ့ဆော်ရင် နင် ဘယ်သူဘဲဖြစ်ဖြစ် ဂရုမစိုက်ဘူး၊ ငါလက်ခံရတာကို ငါက ပြန်ပေးမှာပဲ။ ဆောရီး၊ ဒါပေမယ့် ငါ နင့်ကို လိုက်လျောမပေးနိုင်ဘူး"
ရှင်းရှင်းလင်းလင်း ပြောလိိုက်ပြီးတာတောင်မှ ထန်ကျစ်ဟွားက သူ ၏လူများကို ဆက်၍ မထိန်းနိုင်သေးလျှင် သူမက သူ၏ ရောဂါကို ကုပေးတော့မည် မဟုတ်ချေ။