Chapter 64

4.4K 373 1
                                    

Chapter 64 : ယဲ့ချင်းက ဘယ်သူလဲ

လီရှောက်ယွင်၏ စိတ်နေစိတ်ထားသည် မျှတ၍ ဖော်ရွေသည်။ သူက မငြင်းဆန်သော်လည်း အခြားကျောင်းသားများက ထပ်၍ ထိန်းမထားနိုင်တော့ပေ။

"အန်တီယန်၊ ဒါက တကယ်တော့ စားသောက်ဆိုင်ရဲ့အမှား မဟုတ်ပါဘူး။ ဒါတွေအားလုံးက ယဲ့ချင်းကြောင့်ပါ။ ယဲ့ချင်းက ထျန်းထျန်းကို ဟင်းအနှစ်တွေနဲ့ ပက်ခဲ့တာ၊ သူ့ရဲ့သဘောထားကလည်း ဆိုးသေးတယ်။ ထျန်းထျန်းက ထွက်သွားချင်ပေမယ့် ယဲ့ချင်းက သူ့ကို သွားခွင့်မပေးခဲ့ဘူး။ သူတို့အငြင်းပွားကြရင်းနဲ့ကြားမှာ ထျန်းထျန်းက မတော်တဆ ဒဏ်ရာရသွားခဲ့တာ"

ကျန်ရှသည် အခြားကျောင်းသားများက ပြောဟန်ပြင်နေသည်ကို မြင်သောအခါ သူက အရင် ဦးအောင်ပြောလိုက်၏။

အန်တီယန်သည် ထိုစကားကို ကြားသောအခါ မျက်နှာပျက်သွားပြီး ...

"မတော်မဆ ဟုတ်လား။ ဒီလောက် ဒဏ်ရာအများကြီးက ဘယ်လိုလုပ် မတော်တဆဖြစ်နိုင်မှာလဲ။ ငါတို့ ဆရာဝန်တွေကို မေးပြီးသွားပြီ။ သူတို့ပြောတာ သူ့ရဲ့မျက်လုံးက ပျက်ဆီးလုနီးပါးပဲတဲ့။ သူ့ရဲ့ခေါင်းကလည်း သွေးတွေအများကြီး ဆုံးရှုံးထားတယ်တဲ့။ သူ သွေးပြန်သွင်းဖို့ ဘယ်လောက်တောင် ကြာခဲ့သလဲ။ အမာရွတ်ကျန်ခဲ့ရင်ရော။ အို...ဟုတ်သား၊ ယဲ့ချင်းက ဘယ်သူလဲ။ နင်လား"

ကျင်းယွင်ကျောင်းသည် ယန်ထျန်းထျန်းနှင့် အနီးဆုံးတွင် ရပ်နေ၏။ သူသည် လူနာခန်းထဲတွင် အကြာဆုံးရှိနေသူဖြစ်ပြီး စိတ်အပူဆုံးပုံပေါက်နေသူလည်း ဖြစ်သည်။ အမေယန်က ဤမိန်းကလေးသည် သူတို့ပြောသည့် ယဲ့ချင်းပင်ဖြစ်ရမည်ဟု အလိုအလျောက်ပင် ယူဆလိုက်၍ သူမအား စူးရဲစွာ စိုက်ကြည့်လာ၏။

"အန်တီ၊ လူမှားနေပြီ"

သူတို့၏ ဘေးရှိ လီရှောက်ယွင်က ပြောလိုက်သည်။

"သူ့နာမည်က ကျင်းယွင်ကျောင်းပါ။ သူသာ အန်တီ့သမီးရဲ့မျက်လုံးကို ကုမပေးခဲ့ဘူးဆိုရင် အဲဒီမျက်လုံးကို အနာဂတ်မှာ သုံးနိုင်တော့မှာ မဟုတ်ဘူး"

လီရှောက်ယွင်သည် အသက်ငယ်သော်လည်း သူ၏ အရှိန်အဝါက ခြိမ်းခြောက်နိုင်စွမ်း အနည်းငယ်ရှိ၏။ သူ၏ ဆွဲဆောင်မှုရှိသော မျက်နှာကလည်း ပြတ်သားနေပြီး ယခုအချိန်တွင် လူချမ်းသာ သားသမီးဆန်သော ခံစားမှုမျိုးလည်း လျော့ပါးသွားသည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းNơi câu chuyện tồn tại. Hãy khám phá bây giờ