Chapter 178

2K 138 0
                                    

Cbapter 178 : အလောင်းကို ကာကွယ်ခြင်း

ထိုယောက်ျားသည် အလွန်ဖြောင့်မှန်ပုံရပြီး အသက်သုံးဆယ်ပတ်ဝန်းကျင်ခန့် ဖြစ်သည်။ သပ်ရပ်သော အဝတ်အစားများနှင့် ဆံပင်တစ်မျှင်မှပင် ကျမနေဘဲ သူသည် အလွန်တည်ငြိမ်အေးဆေး၍ ရင့်ကျက်ပုံပေါ်၏။ သူ၏ အပြင်ပန်းသွင်ပြင်က နူးညံ့၍ ကြင်နာတတ်သော စိတ်ထားရှိသည့် အမြင်တစ်ခုကို ပေးစွမ်းနေပြီး ထိုပုံစံက အမျိုးသမီးများကို အလွယ်တကူ ဆွဲဆောင်နိုင်သည်။

သို့ရာတွင် လက်ရှိ၌ သူသည် အလောတကြီးနှင့်ဒေါသထွက်နေသော အမူအယာဖြစ်နေခြင်းက သူ့အား အနည်းငယ် ရက်စက်ယုတ်မာပုံဖြစ်သွားစေသည်။ သူ အနားသို့ ကပ်လာသောအခါ သူ့ကိုယ်ပေါ်မှ ဆိုးဝါးသော အရက်နံ့ကိုပါ သူတို့ ခပ်ဖျော့ဖျော့ ရလိုက်၏။

ချင်ဇစ်ရွှယ်သည် အစပိုင်းက သူ၏ မိန်းမနှင့် အတူထိုင်နေသောသူသည် ခြံထဲမှ ကလေးတစ်ယောက်သာ ဖြစ်သည်ဟု ထင်ထားခဲ့သော်လည်း သူ သေချာကြည့်လိုက်သောအခါ သူမက သူစိမ်းတစ်ယောက် ဖြစ်နေသည်။

ထို့ကြောင့် သူသည် သူမကို အရေးမကြီးဟုသာ ယူဆလိုက်၏။

ရှန်းကျင်၏ မုန်းတီးစက်ဆုပ်သော အကြည့်က ချင်ဇစ်ရွှယ်ထံသို့ ငြီးငွေ့စွာ ကျရောက်သွား၏။ သူမက ပြတ်သားစွာ ပြောလိုက်သည်။

"ရှင် အခု ကွာရှင်းစာချုပ်ရထားပြီး၊ အဲဒီမှာ အဆင်သင့် လက်မှတ်ထိုးရုံပဲ။ အဲလိုမှမဟုတ်ရင်တော့ တရားရုံးထိ သယ်သွားမှ ကျွန်မကို အပြစ်မတင်နဲ့"

"မင်း လုပ်ရဲလား။ ရှန်းကျင် ငါ မင်းကို အလိုလိုက်လွန်သွားပြီလား။ ဒီနှစ်အနည်းငယ်အတွင်းမှ ငါ အလုပ်တွေအရမ်းကြိုးစားခဲ့တယ်၊ အားလုံးက မင်းနဲ့ငါ့အမေကို တည်ငြိမ်တဲ့ဘဝမှာ ထားနိုင်ဖို့အတွက်ပဲ။ အခု မင်းက ကွာရှင်းဖို့ ယူလာရဲတယ်လား။ ဘာကို အခြေခံပြီးတော့လဲ။ လက်ရှိ မင်းရဲ့အခြေအနေကို အခြေခံရင် မင်းက ငါနဲ့တန်တယ်လို့ ထင်နေတာလား။ ငါက ငါတို့ရဲ့ခံစားချက်ဟောင်းတွေကို အောက်မေ့သတိရနေတာကြောင့်သာ မဟုတ်ရင် မင်း ငါ့အိမ်ကနေ မောင်းထုတ်ခံရပြီးတာ ကြာလှနေပြီ။ မင်းအမေလည်း ရှိသေးတယ်။ လတိုင်းလတိုင်း ငါ မင်းကို ပိုက်ဆံပမာဏအများကြီး ကူညီပြီးတော့ ပေးပေးတယ်။ ဒါက မလုံလောက်သေးဘူးလား"

အတိတ်၌ ပြန်လည်မွေးဖွားခြင်းOù les histoires vivent. Découvrez maintenant