Chapter 154

2.2K 149 0
                                    

Chapter 154 : သူမ ရူးသွားပြီလား

ပိုင်ယွီအန်းက ပြုံးလိုက်၏။ ကျင်းယွင်ကျောင်း၏ စကားလုံးများက မှန်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ သူပြန်လာပြီးကတည်းက ဤနေ့သည် သူ၏ ခံစားချက်များ မဆိုးသည့် ပထမဆုံးနေ့ဖြစ်ကြောင်း သူ သတိထားမိသည်။ သူ မွန်းကြပ်သည်ဟု မခံစားရပေ။

"အလုပ်တွေက ရှာရတာ လွယ်ပါတယ်၊ ဒါပေမယ့် အခုအချိန်မှာတော့ ငါ့ ဘယ်သူ့ဆီကမှ အမိန့်ပေးမခံချင်သေးဘူး။ ငါ မင်းကို ဒါကို ဖုံးကွယ်မထားချင်ဘူး။ အရင်က ငါ နှစ်ပေါင်းများစွာ အလုပ်ကြိုးစားခဲ့ပေမယ့် နောက်ဆုံးမှာ ငါ့ရဲ့အထက်လူကြီးက ငါ့နောက်ကျောကို ဓါးနဲ့ထိုးတာကိုပဲ ပြန်ရခဲ့တယ်။ ငါ ဒီလို ထပ်ဖြစ်မှာကို မလိုချင်ဘူး"

ပိုင်ယွီအန်းက ရှင်းပြလိုက်၏။

"ဒါဆို ကျွန်မ ရှင့်ရဲ့အလုပ်ရှင် လုပ်ပေးရင်ရော"

ကျင်းယွင်ကျောင်းက မေးလိုက်သည်။

ပိုင်ယွီအန်း၏ ကိုယ်ကျင့်တရားရပ်တည်မှုသည် စစ်ဆေးမှုကို ကျော်ဖြတ်နိုင်သည်မှာ သေချာ၍ သူ့၌ အတွေ့အကြုံလည်း ရှိ၏။ အကယ်၍ ယခင်တုန်းက သူ၏ အထက်လူကြီးကသာ သူ့ကို ထိုးမချခဲ့ပါက သူသည် ယခုအချိန်၌ သူကိုယ်တိုင်ပင် နာမည်တစ်လုံး ဖန်တီးနိုင်နေလောက်ပြီ ဖြစ်သည်။ ထို့အပြင် သူသည် ဘာမှမရှိဘဲ အဆုံးသတ်၍ လက်ဗလာနှင့် အိမ်ပြန်လာခဲ့သော်လည်း သူ၏ ခေါင်းမာမှုနှင့် ပြတ်သားသော အကျင့်စရိုက်ကို မြင်နိုင်သေး၏။

အပေါ်ယံ၌ သူမသည် ငယ်ရွယ်သေးသည်။ စီးပွားရေးလုပ်ငန်းတစ်ခုအား သူမကိုယ်တိုင် စတင်ခြင်းကဲ့သို့သော ကိစ္စတစ်ခုကို ဖုံးကွယ်ထားလိုခြင်းမှာ လုံးဝ မဖြစ်နိုင်ကြောင်း သူမ သိ၏။ ပြန်လည်မွေးဖွားပြီးသည့်နောက် သူမ၏ ပိုက်ဆံ သုံးသန်းကျော်ကိုသာ အမြဲတမ်း မှီခိုနေရန်မှာ ပို၍ပင် မဖြစ်နိုင်ချေ။ သူမတွင် နေရာလွတ်နယ်မြေရှိ၍ အချိန်လည်း ရှိသည်။ အကယ်၍ သူမသာ ၎င်းကို ကောင်းကောင်းမွန်မွန် အသုံးမချနိုင်ပါက ပြန်လည်မွေးဖွားလာခြင်းသည်လည်း ဘာရည်ရွယ်ချက်မှ ရှိတော့မည် မဟုတ်ပေ။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now