Chapter 27

4.9K 429 4
                                    

Chapter 27 : ကျေးဇူးကန်းသော

စူးချူက ပန်းရောင်ကုတ်တစ်ထည်ကို ပြောင်လက်နေသော လည်သာဖြင့် လုပ်ထားသည့် လည်ရှည်ဖိနပ်တစ်ရံနှင့် တွဲဖက် ဝတ်ဆင်ထားသည်။ တစ်ဖက်၌ ကျင်းယွင်ကျောင်းသည် သာမန်အားကစား ဂျာကင်တစ်ထည်ကိုသာ ဝတ်လာ၏။ နှစ်ဦးသားအား နှိုင်းယှဥ်ကြည့်ပါက ကျင်းယွင်ကျောင်း၏ အဝတ်အစားများသည် ပို၍ စျေးပေါပေသည်။

"ပြောင်ကျဲ၊ အဲဒီအရောင်က အစ်မနဲ့ မလိုက်ဘူး။ အစ်မရဲ့အသားအရည်က ဖြူဝင်းနေတာ၊ ဒါကြောင့် ကျွန်မထင်တယ်၊ အစ်မက အနီ ဒါမှမဟုတ် အဖြူရောင်နဲ့ဆို သေချာပေါက် ကြည့်ကောင်းမှာ"

စူးချူက ပွင့်ပွင့်လင်းလင်းပင် ချီးမွှမ်းလိုက်၏။

စူးချူသည် သိမ်မွေ့သော ရုပ်ရည်သွင်ပြင်ရှိပြီး၊ ချစ်စဖွယ်ကောင်းသော အိမ်နီးချင်း ညီမလေးတစ်ယောက်ပုံစံမျိုးဖြစ်သည်။ စူးချူသည် ကျောင်း၌ မည်မျှ နာမည်ကြီးမည်မှန်း ကျင်းယွင်ကျောင်း စိတ်ကူးကြည့်လိုက်မိ၏။

စူးချူ၏ဘက်တွင်တော့ သူမသည် ကျောင်းယွင်ကျောင်းထံမှ လုံးဝ အဖမ်းစားခံရလိုက်ရသည်။

ကျောင်းပွဲတော်ကဲ့သို့သော အခမ်းအနားများတွင် ကျောင်းယွင်ကျောင်းသည် အမြဲတမ်း ကျောင်းသားကိုယ်စားပြုတစ်ယောက်ဖြစ်ခဲ့ရာ စူးချူသည် ယခင်က သူမအား ကျောင်းတွင် အကြိမ်များစွာ မြင်တွေ့ဖူး၏။ သူမသည် အမြဲတမ်း စကားနည်းပြီး၊ အောက်မှ ကျောင်းသားများက သူမ၏အကြောင်းကို ဘာပြောပြော တစ်ခါမှ မတုံ့ပြန်ခဲ့ပေ။

ကျင်းယွင်ကျောင်းသည် အမှန်တကယ်ပင် အလွန်လှပ၏။ သို့သော် ယခင်က သူမသည် ဘယ်သောအခါမှ သဘောကောင်းမည့်ပုံမပေါ်ခဲ့ဘဲ အမြဲတမ်း အေးတိအေးစက် ခပ်မှိုင်မှိုင်ဟုသာ ထင်ရ၏။ ယခုတွင်မူ သူမသည် တခြားလူတစ်ယောက်အဖြစ် လုံးဝပြောင်းလဲသွားသလို ခံစားနေရသည်။ သူမသည် အားကစားဂျာကင်တစ်ထည်ကိုသာ ပုံမှန်အတိုင်း ဝတ်ဆင်ထားသော်လည်း သူမအား ကြည့်ရသည်မှာ အထက်တန်းကျနေ၏။

"မင်း မနက်စာ မစားရသေးဖူးလား"

ကျင်းယွင်ကျောင်းက သူမ၏ကိုယ်ပိုင်အဝတ်အစားများနှင့်ပတ်သတ်၍ ထွေထွေထူးထူးထင်မြင်ချက်မရှိရာ အကြောင်းအရာပြောင်းမေးလိုက်သည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now