Chapter 43

4.1K 362 1
                                    

Chapter 43 : လက်ဦးမှုယူချင်တဲ့ ဆန္ဒလား

လုကျားအား မြင်သောအခါ ကျင်းယွင်ကျောင်းသည် 'လမ်းကျဥ်းလေးထဲမှ ရန်သူများ' ဆိုသော စကားစုအား တွေးမိလိုက်သည်။

လုကျား၏ အကျင့်စရိုက်သည် ပုံမှန်ထက်ပို၏။ သူမသည် ချောင်ဟုန်ယဲ့ ကဲ့သို့ သိမ်မွေ့၍ ချိုသာမှုမရှိသော်လည်း သူမအား ချစ်ခင်ကြသည့် အစ်ကိုဝမ်းကွဲအချို့ရှိရာ သူမသည် ကံကောင်းသည်ဟု မှတ်ယူနိုင်သည်။ ၎င်းမှာ အစိမ််းများကြားရှိ အနီစက်လေးတစ်စက်နှင့် တူ၏။ လုကျားသည် အလှပဂေးတစ်ယောက်မဟုတ်သော်လည်း သူမ၏ဝမ်းကွဲများကမူ သူမအား အလွန်ချစ်မြတ်နိုးကြသည်။ သူတို့သည် သူမအား ကြိုရန်အတွက် ကျောင်းဂိတ်အပြင်မှ မကြာခဏပင် လာစောင့်နေတတ်၏။ ထိုအကြောင်းကြောင့် ကျောင်းသားများစွာက သူမအား အားကျ၍ မနာလိုဖြစ်ကြသည်။

ကျင်းယွင်ကျောင်းသည် လုကျား၏ နောက်ရှိ ယောက်ျားလေး လေးယောက်အား မြင်လိုက်ရ၏။ အကြီးဆုံးမှာ အသက်နှစ်ဆယ်ကျော်ခန့်ဖြစ်ပြီး အငယ်ဆုံးမှာ အနည်းဆုံး ဆယ့်ခုနစ်နှစ်၊ ဆယ့်ရှစ်နှစ်ခန့် ရှိမည်ဖြစ်သည်။

"ဒါဆို သူက ကျင်းယွင်ကျောင်းပေါ့။ နင် ပြောပြောနေတာ ဒီအောက်တန်းစားမ လား"

တစ်ယောက်က ဒေါသတကြီး မေးလာ၏။

"စန်းပြောင်ကော၊ သူက ကျွန်မကို ချောင်ပိတ်ရိုက်ခဲ့တဲ့သူပဲ။ ကျွန်မက ခံရတဲ့သူဆိုတာ အသိသာကြီးပေမယ့် သူက ဆရာမကို ကျွန်မက သူ့ကို ရိုက်ပါတယ်လို့ ပြောခဲ့တာ။ သူ့ကြောင့် အဖေနဲ့အမေက ကျွန်မကို မယုံတော့ဘူး"

လုကျားက ဒေါသတကြီး တိုင်တန်းလိုက်သည်။

(T/N:  စန်းပြောင်ကော(三表哥)ဆိုတာ တတိယဝမ်းကွဲအစ်ကိုလို့ ခေါ်တာပါ။ စန်း(三)ဆိုတာ တရုတ်လို့ ၃(တတိယ)ပါ။ တတိယပြောင်ကောလို့ ရေးလိုက်ရင် ဖတ်ရတာ ထောက်မှာစိုးလို့။)

"ဒီသောက်ခွေးမကတော့။ ကျားကျား၊ ဘာမှမပူနဲ့၊။ ကောကော (အစ်ကို) က နင့်အတွက် လက်စားချေပေးမယ်"

စန်းပြောင်ကော စကားဆုံးသောအခါ လူလေးယောက်သည် စက်ဝိုင်းပုံစံ ဝိုင်းလိုက်ပြီး ကျင်းယွင်ကျောင်းအား အလည်တွင် ချောင်ပိတ်ထားလိုက်၏။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now