Chapter 33

5.2K 445 1
                                    

Chapter 33 : ကိုယ်ပိုင်အယူအဆ

ကျင်းယွင်ကျောင်းသည်  ရက်အနည်းငယ်ကြာ ကျောင်းပျက်ခဲ့သည်။ ကျောင်းပြန်တက်သောအခါ သူမသည် ယခင်ကနှင့် လုံးဝမတူတော့သော လူတစ်ယောက်ဖြစ်လာလေရာ ၎င်းက တစ်တန်းလုံး၏ စိတ်ဝင်စားမှုနှင့် သိလိုစိတ်ကို နှိုးဆွပေးနေသလိုပင်။

ကျင်းယွင်ကျောင်း၏ အဆင့်များက ကောင်းသော်လည်း သူမသည် သူမ၏ နာမည်ဆိုးကြောင့် ဘယ်သူကမှ သူမနှင့် ထိုင်ခုံဖော် မဖြစ်ချင်ကြပေ။ သူမကလည်း ခေါင်းမာသူတစ်ယောက်ဖြစ်ရာ သူမ၏ စာရေးခုံကို အတန်း၏ နောက်ဘက်သို့ ရွေ့ရန်သာ ဆုံးဖြတ်ခဲ့သည်။ ထိုနေရာ၌ သူမက မည်သူ့ကိုမှ အနှောက်အယှက်မဖြစ်စေသလို မည်သူကမှလည်း သူမကို နှောက်ယှက်လိမ့်မည် မဟုတ်ပေ။

သို့သော် ယနေ့ သူမ၏ စာရေးခုံ ပျောက်နေကြောင်း ထူးထူးဆန်းဆန်း သိလိုက်ရ၏။

"ကျင်းယွင်ကျောင်း နင့်စာရေးခုံက ဒီမှာ"

လူကြားထဲမှ ကောင်လေးတစ်ယောက်က ပြုံး၍ အော်ပြောလိုက်သည်။

ထိုကောင်လေးညွှန်ပြသည့်အတိုင်း လိုက်ကြည့်လိုက်ရာ သူမ အံ့သြဆွံ့အသွားရ၏၊

စာရေးခုံသည် အတန်း၏ အဓိကနေရာကောင်းတွင် ရှိနေသည်။ သူမမှတ်မိသည်သာ မှန်ပါက သူမ၏ ထိုင်ခုံဖော်သည် အတန်းခေါင်းဆောင်ဖြစ်ပြီး ရှေ့ခုံ၌ ထိုင်သောသူသည် ကျောင်းကောင်စီအဖွဲ့ဝင်ဖြစ်သည့်အပြင် နောက်ရှိ ကျောင်းသားအားလုံးကလည်း အဆင့်ကောင်းသူများဖြစ်ကြ၏။ တော်သော ထက်သော ကျောင်းသားအားလုံး ထိုနေရာ၌ စုနေကြသည်ဟု ဆိုနိုင်သည်။

သူမ၏ ထိုင်ခုံဖော်ဖြစ်သော ထိုအတန်းခေါင်းဆောင်က....

ကျင်းယွင်ကျောင်း မျက်မှောင်ကြုတ်လိုက်၏။

အတန်းခေါင်းဆောင်၏အမည်မှာ ကျန်ရှဖြစ်သည်။ သူ၏အဆင့်များသည် အတန်း၏ထိပ်ဆုံးငါးယောက်ထဲသို့ ဝင်ပြီး ဘတ်စကတ်ဘောအသင်းဝင်လည်း ဖြစ်၏။ သူသည် ကျောင်း၏အချောဆုံးကျောင်းသားစာရင်းတွင်ပင် ပါဝင်ပြီး ထိပ်ဆုံးအဆင့်များထဲမှတော့ မဟုတ်ပေ။

ကျင်းယွင်ကျောင်းက သူ့အား မှတ်မိနေသည့် အကြောင်းရင်းမှာ သူ၏ထူးချွန်မှုများကြောင့် မဟုတ်။ သူသည် သူမအား အရူးအမူးလိုက်ခဲ့သောသူ ဖြစ်သောကြောင့်ပင်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now