Description

59.8K 1.6K 62
                                    

Unicode

ခေတ်မီတိုးတက်နေသော အချိန်ကာလတစ်ခုမှ ဟန်မင်းမောင်ဆိုသည့် အမျိုးသားလေးမှာ ကားအက်စီးဒန့်ဖြစ်ပြီး ရှေးခေတ်ကာလမှ "ဟန်မင်း"ဆိုသည့် ကလေးမွေးနိုင်သည့် အမျိုးသားငယ်တစ်ဦး၏ ခန္ဓာကိုယ်အတွင်းသို့ ကူးပြောင်းသွားခဲ့သည်။

ဟန်မင်းမောင်ကူးပြောင်းသွားခဲ့သည့်မူလကိုယ်မှာ ဆင်းရဲသည့် မြင်းလှည်းသမားတစ်ဦးနှင့် လက်ထပ်ထားကာ အိမ်တော်မှနှင်ထုတ်ခြင်းခံထားရသည့် မာနခပ်ကြီးကြီးသူဌေးသားလေးဖြစ်၏။

ကူးပြောင်းပြီးသုံးရက်အကြာ ကိုစောမောင်၏ ရုပ်ရည်ရူပကာအား သေချာလေ့လာမိပြီးနောက် ဟန်လေး : " ဆင်တယ်ဆိုတာမှ အတော်ကိုဆင်တာ ... ဟန်လေးအကြိုက်အညိုဆင်ဆိုတာမျိုးလေး"

ဟန်လေး၏နှလုံးသားအတွင်းမှ ကိုစောမောင်၏ရုပ်ရည်အား အကဲဖြတ်အမှတ် : 9.999/10

ကူးပြောင်းပြီးသုံးရက်အကြာ ကိုစောမောင်၏ ပစ်စလက်ခတ်အခြေအနေများအား လေ့လာသုံးသပ်မိပြီးနောက် ဟန်လေး : "'ငါ့ကို ဒီအတိုင်းမွဲတေနေအောင် ဆက်ထားလို့ကတော့ ... ဘယ်လောက်ရုပ်ချောချော ဒီယောကျ်ားကို ကွာရှင်းပစ်မယ် ...ဟမ့်""

ဟန်လေး၏ ဦးနှောက်မှ ကိုစောမောင်၏ အိပ်ကပ်အခြေအနေအား အကဲဖြတ်အမှတ် : -9.999/10

ရှေးခေတ်ကာလကိုကူးပြောင်းသွားပြီးနောက် ခင်ပွန်းသည်နဲ့အတူ နှစ်ယောက်သား အတူတကွကြိုးစားစီးပွားရှာကြပြီး အေးချမ်းကာ ရိုမန့်တစ်အပြည့်၊ နွေးထွေးတဲ့ မိသားစုတစ်ခုကိုဖန်တီးပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းသွားတဲ့ လူငယ်စုံတွဲအကြောင်းကို စိတ်ကူးယဉ်ပုံဖော်ထားခြင်းဖြစ်ပါတယ်။

ဇာတ်အိမ်တည်ထားတဲ့ ကမ္ဘာက ယောက်ျား၊ မိန်းမနဲ့ ကလေးမွေးနိုင်သော အမျိုးသားဆိုပြီး လိင်သုံးမျိုးရှိတဲ့ ကမ္ဘာဖြစ်တာကြောင့် အမျိုးသားများလည်း ကိုယ်ဝန်ဆောင်နိုင်သည့် ဇာတ်ကွက်များပါဝင်ပါတယ်။

ထို့ကြောင့် အမျိုးသားကိုယ်ဝန်ဆောင်နိုင်ခြင်းအား မကြိုက်နှစ်သက်ပါက ရှောင်ရှားနိုင်ပါတယ်ရှင့်။

မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး(COMPLETED)Where stories live. Discover now