Chapter 36_U

21.9K 1.4K 43
                                    

စောမောင်နှင့် ဟန်လေးတို့ လင်ခင်ပွန်းနှစ်ယောက် အိမ်တော်၏အနောက်ဘက်ဥယျာဉ်တော်အတွင်း လမ်းလျှောက်လိုက် နားလိုက်ဖြင့် နှစ်ယောက်တည်းကမ္ဘာတည်နေကြ၏။

ဟန်လေး၏ ဗိုက်လုံးလုံးလေးက ပုံမှန်ကိုယ်ဝန်ဆောင်များထက် ပိုမို ကြီးမားတာကြောင့် ကိုယ်ဝန်လရင့်လာသည်နှင့် အမျှ လမ်းလျှောက်ဖို့ သိပ်မလွယ်ကူတော့။

ထို့ကြောင့် လမ်းနည်းနည်းလျှောက်ပြီးနောက် ခဏနားရသည်။

အခုတော့ အနောက်ဘက်ဥယျာဉ်တော်ရှိ အဆောင်တော်ထဲမှ အခင်းတစ်ခုပေါ်တွင် ဟန်လေးက ခြေဆင်းကာထိုင်နေပြီး စောမောင်ကတော့ သူ့ခင်ပွန်းလေး၏ ခြေထောက်နှစ်ချောင်းကို သူ၏ပေါင်ပေါ်တင်ကာ နှိပ်နယ်ပေးနေသည်။

ဟန်လေးကတော့ ကိုယ်ဝန်ရင့်လာလေ သူ့ရဲ့ ဖေကြီးနဲ့ ဖေဖေကို လွမ်းလေလေပါပဲ။

သူတို့ ညီအစ်ကိုနှစ်ယောက်ကို ဝမ်းနဲ့ လွယ်မွေးခဲ့စဉ်က ဖေဖေလည်း ဒီလိုပဲ ပင်ပန်းခဲ့ရမှာပင်။

ဖေကြီးကတော့ ပြောစရာမလိုအောင် ဖေဖေ့ကို ဂရုစိုက်ခဲ့မှာဖြစ်ကြောင်း ဟန်လေးသိပါသည်။

ဟန်လေး ကိုယ်ဝန်လရင့်လာသည်နှင့်အမျှ ကိုစောမောင်က ဟန်လေးကို ပိုပိုပြီး ဂရုစိုက်သည်။

ကိုစောမောင်က အရိပ်တကြည့်ကြည့်နှင့် ဟန်လေး လိုအပ်သမျှကို ဟန်လေး ပါးစပ်က ပြောနေစရာမလိုပဲ အလိုက်တသိလုပ်ကိုင်ပေးသည်။

စီးပွားရေးကို ပိုမိုတိုးတက်အောင် ကြိုးစားနေပြီး သားနှစ်ယောက်အတွက် အချိန်ပေးသလို ဟန်လေးအပေါ်တွင်လည်း မလစ်ဟင်းစေရ။

အားလုံးကိုထောင့်စေ့အောင် ဆောင်ရွက်နိုင်ပြီး တကယ်ကို အကိုက ဟန်လေးတို့မိသားစုအတွက် အိမ်ထောင်ဦးစီးကောင်း၊ ဖခင်ကောင်း၊ အိမ်ထောင်ဖက်ကောင်းတစ်ယောက်ဖြစ်သည်။

ပုံမှန်ဆို အမြဲလိုလို အိပ်ယာပေါ်က လင်ခင်ပွန်းနှစ်ယောက်ကိစ္စများတွင် တက်ကြွနေတတ်သည့် အကိုက ဟန်လေးကိုယ်ဝန်ရှိနေမှန်း သိရသည့်အချိန်မှ စပြီး ဟန်လေး ၏ နှုတ်ခမ်းများကို မက်မက်မောမော နမ်းရှိုက်သည်မှလွဲပြီး အခြားဘာမှ အဆင့်မတက်တော့။

မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး(COMPLETED)Where stories live. Discover now