Chapter 7_U

27.1K 1.8K 121
                                    

မနက် စောမောင် နိုးလာတော့ ရင်ခွင်ထဲမှကောင်လေးက အိပ်မောကျနေတုန်းပင်။

ညက အကြောင်းကိုပြန်တွေးမိတော့ စောမောင် မနက်ခင်း စောစောစီးစီးကို ပြုံးစိစိဖြင့်။

ခက်မမြို့တွင် မြင်းလှည်းဆွဲစဉ်က မြင်းလှည်းအဖွဲ့ရပ်နားသည့်နေရာတွင် နေ့လည်နေခင်းအားချိန်များ၌ မြင်းလှည်းသမားများစုကာ ရောက်တတ်ရာရာပြောတတ်ကြသည်။

တခါတရံ နိုင်ငံရေးအကြောင်းများ၊ တခါတရံ လတ်တလော လူပြောများသည့်အကြောင်းအရာများ စသဖြင့်ပင်။

တခါတရံ အချို့သော အိမ်ထောင်သည်များနှင့် အချို့သော လိင်မှုကိစ္စလိုက်စားတတ်သည့် သူများက လိင်မှုကိစ္စများအား အသေးစိတ် စိတ်အားထက်သန်စွာဖြင့် ပြောတတ်ကြတာကြောင့် စောမောင် ထိုကိစ္စများအား စိတ်မဝင်စားသော်လည်း ကြားဖန်များတော့သိနေပြီဖြစ်သည်။

မနေ့ညက ဟန်လေး၏ ပါးပြင်လေးအား နမ်းရှိုက်ပြီးနောက် ဟန်လေး၏ နှုတ်ခမ်းဖူးဖူလေးအား ထိကပ်နမ်းချင်စိတ်ပေါ်လာတာမို့ သူ့နှုတ်ခမ်းနှင့် နှုတ်ခမ်းချင်းထိကပ်ကာနမ်းလိုက်တာဖြစ်သည်။

သို့သော်လည်း ထိုသို့နမ်းလိုက်သည့် အခိုက် မြင်းလှည်းအဖွဲ့နှင့်ရှိခဲ့စဉ်က အချို့လူများ၏ အနမ်းပေးခြင်းအဆင့်ဆင့်ကိုပြောခဲ့ကြသည့်စကားများအား နားထဲကြားယောင်လာကာ ထိုစကားများအတိုင်း စောမောင် လိုက်လုပ်ခဲ့သည်။

ဒါက စောမောင်၏ ပထမဆုံးအကြိမ် အနမ်းပေးခြင်းဖြစ်ပြီး ဟန်လေး၏ နှုတ်ခမ်းအား ထိုသို့နမ်းရှိုက်ရသည်ကို စောမောင်အရမ်း အရမ်းကို ကြိုက်သွားပြီဖြစ်သည်။

စောမောင် တွေးနေရင်းမှ ဟန်လေး၏ နှုတ်ခမ်းလေးအား အကြည့်ရောက်မိတော့ ထပ်မံနမ်းရှိုက်ချင်စိတ်ပေါ်ပေါက်လာတာမို့ တံတွေးမျိုချလိုက်ကာ အကြည့်လွှဲလိုက်ရသည်။

နမ်းလို့မဖြစ်သေး။

သူနမ်းလိုက်ပါက ဟန်လေးနိုးသွားလိမ်မည်။

ဟိုလူတွေ ခဏခဏ စမြုံ့ပြန်ပြီး ပြောကြတာလဲ မပြောနှင့်။

ကိုယ့်ခင်ပွန်းကိုယ်နမ်းရတာ ခံစားချက်ကကောင်းပြီး စွဲလမ်းတတ်သည်ကိုး။

မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး(COMPLETED)Where stories live. Discover now