Chapter 28_U

20.1K 1.5K 81
                                    

ဒီနေ့က ဟန်လေးတို့ မင်းနေပြည်တော်သို့သွားကြမည့်နေ့ဖြစ်သည်။

လွန်ခဲ့သည့် ရက်များမှာတော့ ဟန်လေးတို့ အိမ်မှ ပစ္စည်းများသိမ်းဆည်းခြင်း၊ ငွေကြေးကိစ္စများဖြေရှင်းခြင်း နှင့် အသိမိတ်ဆွေများအား နှုတ်ဆက်နေရခြင်းတို့ကြောင့် အလုပ်ရှုပ်ခဲ့ကြသည်။

သုခကို သူတို့နှင့် အတူလိုက်နေစေချင်သည့် ဟန်လေးကြောင့် သစ်ထူးတို့လည်း စောမောင်တို့နှင့် အတူမြို့တော်ကို လိုက်နေဖို့ ဆုံးဖြတ်လိုက်ကြသည်။

သစ်ထူးကတော့ မိဘတွေနှင့် မခွဲချင်သော်ငြား ဟန်လေးနောက်သို့လိုက်ချင်သည့် သုခကို မျက်နှာမညှိုးစေချင်တာကြောင့် ဟန်လေးနှင့် သုခတို့အား အလိုလိုက်ရတော့သည်။

သစ်ထူးတို့က လောလောဆယ်တော့ မလိုက်လာကြသေး။

စောမောင် ပြောသည့်အတိုင်း သူတို့က ခက်လက်မြို့တွင် ကျန်ခဲ့ကာ အခြေအနေကို စောင့်ကြဦးမည်။

စောမောင်တို့ မင်းနေပြည်တော်တွင် အခြေကျသွားပါမှ သစ်ထူးတို့ကို ပြန်ခေါ်မှာဖြစ်သည်။

ဟန်လေးက သမားတော်ကြီး၏ တောင်းဆိုမှုကြောင့် မုန့်ဟင်းခါးဟင်းရည်နှင့် အုန်းနို့ခေါက်ဆွဲဟင်းရည်ချက်နည်းကို သမားတော်ကြီး၏ ချွေးမအား သင်ပေးခဲ့သည်။

သမားတော်ကြီးက မုန့်လုပ်နည်းကို တန်ရာတန်ကြေး ပေးကာ ဝယ်ယူမည်ဟုပြောသော်လည်း ဟန်လေးက ငွေမယူ။

သမားတော်ကြီးက သူတို့မိသားစုအပေါ်အလွန်ကောင်းမွန်သည့် အပြင် ကျေးဇူးရှင်ပင်မဟုတ်ပါလား။

နောင်တွင် အမျိုးတော်နိုင်ချေကလည်း ရှိသည်လေ။

နောက်ပြီး ခက်လက်မြို့က ဟန်လေးတို့ မိသားစု၏ ဆိုင်တွင် အမြဲတစေ အားပေးဝယ်ယူခဲ့ကြသည့် ဖောက်သည်များကို အားနာတာကြောင့်လည်းပါသည်။

သမားတော်ကြီး၏ချွေးမအား သင်ပေးလိုက်ခြင်းအားဖြင့် ခက်လက်မြို့က ဟန်လေးတို့ဖောက်သည်များ မုန့်များအား အမြဲလိုလို စားနေနိုင်ဦးမှာပင်။

သမားတော်ကြီးတို့ မိသားစုက စိတ်ထားကောင်းကြသူများဖြစ်ကာ ပြည့်စုံသည့်အသိုင်းအဝိုင်းဖြစ်တာကြောင့် ဈေးနှုန်းကို မတန်တဆတောင်းမည့်သူများမဟုတ်မှန်းလည်း ဟန်လေးသိသည်။

မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး(COMPLETED)Where stories live. Discover now