Chapter 29_U

20.4K 1.6K 184
                                    

"အကို ရော့ ရေသောက်လိုက်ဦး"

ဟန်လေးက ဆိုင်ရှင်ထံမှ ရေတစ်ခွက်တောင်းပြီး စောမောင်အား ကမ်းပေးလိုက်သည်။

စောမောင်က ဟန်လေးလက်ထဲမှ ရေခွက်ကို ယူကာ ရေကို တစ်ကျိုက်တည်းမော့ချလိုက်၏။

ဆိုင်ရှင်မှာတော့ အခုထိ အလန့်မပြေသေး။

တစ်နေကုန်ဈေးဦးမပေါက်တဲ့အပြင် ဝယ်သူလာတော့လည်း ဝယ်သူတွေက ဆိုင်ထဲရန်ပါဖြစ်လိုက်သေးသည်။

အကောင်ကြီးကြီးပုံစံတွေမို့ သူ့ခင်မျာ ပြောလည်း မပြောရဲ။

အရာရှိတွေ ဆွဲခေါ်သွားတဲ့ သူကိုတော့ သူသိသည်။

ခက်မမြို့က နာမည်ကြီး ငပွေးကောင် ဖခင်အားကိုးနဲ့ မိုက်နေတဲ့ မင်းယံဆိုသူပင်။

"အကို လက်ဘာဖြစ်သွားသေးလဲ"

ဟန်လေးက စောမောင်၏ လက်ကို ကြည့်ကာ စိုးရိမ်စွာဖြင့် မေးလိုက်သည်။

ဟိုဆန်ကုန်မြေလေးကောင်ကိုထိုးလိုက်တာမို့ အကို့လက်တစ်ခုခုဖြစ်သွားမှာစိုးပါသည်။

ဟိုမင်းယံဆိုတဲ့ကောင်ကတော့ ဘာဖြစ်ဖြစ်။

ခုနက မင်းယံကို ထိုးနေသည့် အကိုက အရမ်း အရမ်းကိုကြည့်ကောင်းလွန်းသည်။

မင်းယံကို ထိုးနေတာများ အက်ရှင်ဇာတ်ကားတွေထဲက မင်းသားတွေအတိုင်းပဲ။

ဟန်လေးလည်း သူ့ကိုယ်သူ ဆေးမမှီတော့မှန်းသိနေသည်။

သို့သော်လည်း မတတ်နိုင်။

သူ့ယောက်ျားက ကြွေပြီးရင်း ကြွေချင်စရာကောင်းနေသည်ကိုး။

စောမောင်က သူ့လက်ကို အကြိမ်ရေအနည်းငယ် ဖြန့်လိုက်ဆုပ်လိုက် လုပ်လိုက်ပြီး ဟန်လေးအား ခေါင်းခါပြသည်။

"ဘာမှ မဖြစ်ဘူး ကိုယ်အဆင်ပြေတယ်"

စောမောင်က ဟန်လေးအနားသို့ တိုးကပ်လိုက်ကာ ဟန်လေးအားခေါင်းလုံးလုံးလေးအား ပွတ်သပ်လိုက်သည်။

သွေးအေးသွားတော့ ခုနတုန်းက သူ မင်းယံကို ထိုးနေစဉ် ဟန်လေး၏ အော်သံကို ပြန်ကြားယောင်မိပြီး ရယ်ချင်လာသည်။

မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး(COMPLETED)Where stories live. Discover now