Chapter 12_U

25.7K 1.7K 122
                                    

နွေရာသီကူးပြောင်းသွားပြီးနောက် နောက်လဆိုလျှင်ပင် မိုးတွင်းကာလသို့ရောက်တော့မည်ဖြစ်သည်။

သစ်ပင်သစ်ကိုင်းတို့မှ အရွက်ဟောင်းများ ကုန်လွန်သွားကြပြီး အရွက်နုကလေးများပင် ထွက်လာနေကြပြီ။

ခက်ဝန်မြစ်ရေတို့ကလည်း အတော်ကျဆင်းသွားပြီး အချို့နေရာများတွင် သောင်များပင်ပေါ်ထွန်းလာသည်ကို တွေ့ရသည်။

ခြောက်သွေ့မှုကြောင့်ကမ်းပါရွာလမ်းတစ်လျှောက်မှာလည်း ဖုန်တထူထူဖြင့်။

ရွာထဲတွင်တော့ အလုပ်ထဲဆင်းကြသည့် ယောက်ျားသားများမှလွဲကာ အိမ်တွင်ကျန်နေကြသည့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ကလေးမွေးနိုင်သော အမျိုးသားများမှာတော့ နေ့လည်နေ့ခင်းများဆိုလျှင် အရိပ်အာဝါသကောင်းသော သစ်ပင်ကြီးများအောက်တွင် နှီးယပ်တောင်လေးများ ကိုယ်စီဖြင့် အပူဒဏ်ကို ရှောင်ရှားနေကြသည်။

အရင်တုန်းက အိမ်အောက်တွင် စခန်းချထားခဲ့သော ဟန်လေးတို့တစ်သိုက်မှာလည်း အခုတော့ အိမ်အရှေ့တောင်ဘက်ရှိ ဝါးပင်ရိပ်အောက်တွင် စခန်းချရတော့သည်။

ဝါးရုံက ဟန်လေးတို့၏ ခြံအပြင်ဘက်တွင်ဖြစ်ပြီး အရမ်းကြီး မကြီးသော်လည်း အရိပ်ကောင်းကောင်းတော့ရသည်။

နွေရာသီစရောက်ပါပြီဆိုကတည်းက စောမောင်က ထိုဝါးရုံအောက်တွင် ကွပ်ပျစ်ရိုက်ပေးထားသည်။

အခုကတော့ ဟန်လေးတစ်ယောက် လွန်ခဲ့သည့်ရက်ပိုင်းက ကိုစောမောင် ပုတ်ချထားပေးခဲ့သည့် မန်ကျည်းသီးတစ်တောင်းဖြင့် ဝါးပင်အောက်ရှိကွပ်ပျစ်ပေါ်တွင် အလုပ်ရှုပ်နေတာပင်။

ကိုစောမောင်ပုတ်ချထားပေးသည့် မန်းကျည်းသီးများကို အရင်ရက်က အခွံခွာပြီးသွားပြီဖြစ်ပြီး ဒီနေ့တော့ မန်းကျည်းသီးအား ထုပြီး အစေ့ထုတ်နေတာဖြစ်သည်။

တူတစ်ချောင်း၊ မန်းကျည်းသားဖြင့် ပြုလုပ်ထားသည့် စင်းတီတုံးတစ်တုံး၊ မန်းကျည်းသီးများထည့်ထားသော တောင်းတစ်တောင်း၊ ထုပြီး အစေ့ထုတ်ပြီးသားမန်းကျည်းသီးအမှည့်များအားထည့်ထားသည့်တောင်းတစ်တောင်းနှင့် သောက်ရေအိုးသေးတစ်အိုးက ဟန်လေးထိုင်နေသောကွပ်ပျစ်ပေါ်တွင် ဟန်လေးအား ပတ်ပတ်လည် ဝိုင်းရံထားလျက်။

မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး(COMPLETED)Where stories live. Discover now