နောင်သိုက်၏ မင်္ဂလာပွဲပြီးသွားပြီး တစ်ပတ်အကြာတွင်တော့ ဟန်လေးနှင့်စောမောင်တို့ ဆိုင်ကို ဦးရာဇနှင့် ဦးသုလျံထံသို့ ခဏအပ်ကာ ခက်လက်မြို့သို့ ခရီးထွက်လာခဲ့ကြသည်။
မူလက စောမောင်တို့ လင်ခင်ပွန်းနှစ်ယောက်တည်းသွားရန် စီစဉ်ထားသော်လည်း နောင်သိုက်၊စေသူ နှင့် နောင်ခက သူတို့လည်း ခက်လက်မြို့ကိုလိုက်ချင်သည်ဟု ဆိုကာ လိုက်ဖို့ပြင်ကြတော့သည်။
ကိုကိုကြီးနှင့် ကိုကိုလေးတို့ လိုက်မည်ဆိုမှတော့ သားသားနှင့် မီးမီးကိုပါ ခေါ်ရတော့သည်ပေါ့။
ဝဏ္ဏကလည်း ခက်လက်မြို့ကို မရောက်ဖူးတာကြောင့် သူပါလိုက်ချင်သည်ဟု ပြောလာသည်။
သစ်ထူးနှင့် သုသုကလည်း သူတို့မိဘများထံသို့ခဏပြန်ချင်သည်ဟုဆိုလာတာကြောင့် မူလ စောမောင်တို့ နှစ်ယောက်တည်းသွားကြမည့် အစီအစဉ်မှာ ပျက်သွားခဲ့ပြီး တစ်အုပ်တစ်မကြီး သွားဖို့ ဖြစ်သွားတော့၏။
စောမောင်တို့က မင်းနေပြည်တော်မှ ထွက်ခွာကြပြီးနောက် သုံးရက်အကြာတွင် ခက်မမြို့၌ ခရီးတစ်ထောက်နားကြသည်။
စောမောင်တို့က ခက်မမြို့စားကြီးနှင့် သမားတော်ကြီးအား ဝင်နှုတ်ဆက်ပြီး ဦးမင်း၏ အိမ်တွင် တစ်ညအိပ်ကြသည်။
စေသူနှင့် နောင်သိုက်ကတော့မြို့စားမင်းကြီးအိမ်တော်တွင်သာ အိပ်ကြသည်။
မြမင်းက မင်းယံနှင့် ကွာရှင်းပြီးနောက် ဦးမင်း၏ အိမ်တော်တွင် ပြန်လာနေသည်။
ဟန်လေးတို့ကိုတွေ့သော်လည်း တစ်ချက်မျှသာကြည့်ကာ မသိချင်ယောင်ဆောင်သွားခဲ့သည်။
ခက်မမြို့တွင် တစ်ညတည်းပြီးနောက်တွင်တော့ စောမောင်တို့အုပ်စု ခက်လက်မြို့သို့ ခရီးဆန့်ခဲ့ကြ၏။
ခက်လက်မြို့ကိုရောက်တာနှင့် စောမောင်တို့အရင်ဆုံး သူတို့ မုန့်ဟင်းခါးရောင်းခဲ့သည့် အိမ်လေးသို့ အရင်ဝင်ကြသည်။
သစ်ထူးနှင့် သုခတို့မိသားစုကတော့ သူတို့ မိဘများကို သွားတွေ့ရန် ရွာသို့ အရင်ပြန်သွားကြသည်။
![](https://img.wattpad.com/cover/331982814-288-k927780.jpg)
YOU ARE READING
မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး(COMPLETED)
Romanceဒါကတော့ ကိုယ့်ရဲ့ ဒုတိယမြောက်ဖန်တီးခြင်းပါ။