ဒီရက်ပိုင်းတွင် မင်းနေပြည်တော်မြို့ကြီး၌ အကြောင်းအရာတစ်ခုက လူကြီး၊ လူငယ်၊ ဆင်းရဲ၊ ချမ်းသာ လူတန်းစားမရွေး၏ ပါးစပ်ဖျားတွင်ရေပန်းစားနေသည်။
"ငါ မနက်ဖြန်တော့ လက်ရာမွန် ဆိုင်မှာ စားကိုစားရမှ ဖြစ်မယ် ... မနက်လေးနာရီကတည်းက ဆိုင်ရှေ့ကို အရောက်သွားရမယ်"
"မနေ့ကလေ လက်ရာမွန်ဆိုင်မှာ ဂျုံကြက်ပေါင်းခေါက်ဆွဲရယ် နန်းကြီးသုပ်ဆိုတာရယ် မှာစားတာ ကောင်းလိုက်တာဟယ်"
"ခေါက်ဆွဲကြော်ကို ဝက်သားနဲ့ တစ်ပွဲမှ ကြေးဒင်္ဂါးပြားနှစ်ဆယ်ပဲရှိတယ် ... အရသာကလည်း ကောင်းလိုက်တာလွန်ရော ... ပေးရတာနဲ့ တန်တယ်"
"ငါကတော့ လက်ရာမွန်က အုန်းနို့ခေါက်ဆွဲကို အသည်းစွဲဖြစ်သွားပြီ အရမ်းစားလို့ကောင်းတာပဲ"
"ငါ ဘယ်တော့မှ လက်ရာမွန်က အစားအသောက်ကို စားရမှာလဲ အမြဲတမ်းနောက်ကျနေလို့ ကုန်သွားတာနဲ့ပဲ တိုးနေတာ"
"လက်ရာမွန်ဆိုင်က အစားအသောက်တွေက တကယ်ရောကောင်းရဲ့လား လူတိုင်းက လက်ရာမွန်ဆိုင်အကြောင်းတွေချည်း ပြောနေကြတော့ ဒီသခင်လေးတောင် စိတ်ဝင်စားလာပြီ"
"လက်ရာမွန်ဆိုင်က နန်းတော်က လက်ဝဲအမတ်ကြီးရဲ့ သားနဲ့ သမက်ရဲ့ ဆိုင်တဲ့ ... လက်ဝဲအမတ်ကြီးရဲ့သားက ပြန်တွေ့တာ သိပ်မကြာသေးဘူး ... အစားအသောက်တွေကို သူ့သမက်က ဖန်တီးထားတာတဲ့"
"ငါ ခက်လက်မြို့ရောက်တုန်းကသွားစားဖူးတဲ့ ခက်လက်မြို့ကနာမည်ကြီး မုန့်ဟင်းခါးဆိုင်ပိုင်ရှင်က အမတ်ကြီးရဲ့ သားဖြစ်နေမယ်လို့ ငါ့မထင်ထားခဲ့ဘူး"
"လက်ရာမွန်ဆိုင် က လူအမြဲပြည့်ပြီး အပြင်မှာလည်း တန်းစီတဲ့လူတွေနည်းတာမဟုတ်ဘူး ... ငါလည်း အဲလိုလေး ဈေးရောင်းချင်လိုက်တာ"
"ပြောတတ်တယ်နော် ညည်းက ထမင်းအိုးတစ်အိုးတည်း တည်တာတောင် ပြဲ တူး မနပ်ဆိုပြီး အမျိုးအစား သုံးမျိုးထွက်လာတာ ... စိတ်ကူးယဉ်ရဲတယ်"
"လက်ရာမွန်က တို့ဟူးနွေးက အရသာကောင်းလွန်းတယ်ဟေ့ ဝက်ခေါက်ကြော်လေးနဲ့ တွဲစားရင် ကောင်းမှကောင်းပဲ"
YOU ARE READING
မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး(COMPLETED)
Romantikဒါကတော့ ကိုယ့်ရဲ့ ဒုတိယမြောက်ဖန်တီးခြင်းပါ။