"သံတမန်ရေးရာအမတ်ကြီးတို့ ရောက်လာကြပါလား ... အိမ်ထဲကို ကြွပါ"
ဦးသုလျံက သံတမန်ရေးရာအမတ်ကြီးဦးကျင်နှင့် ပါလာသူများကို အိမ်တော်ထဲသို့ ဝင်ရန် ဖိတ်မန္တက ပြုလိုက်သည်။
ဧည့်သည်များကို ဧည်ခန်းအတွင်းနေရာချပေးလိုက်ကာ အစေခံတစ်ယောက်ကိုတော့ စာကြည့်ဆောင်အတွင်း လက်အောက်ငယ်သားများ၏ အစီရင်ခံစာများ ဖတ်နေသည့် အမတ်ကြီး ဦးရာဇအား သွားရောက်ခေါ်စေသည်။
"ရေနွေးကြမ်းလေး သုံးဆောင်ကြပါဦး ... အကိုရာဇကိုသွားခေါ်ခိုင်းထားပါတယ်"
"ရပါတယ်ဗျာ"
ခဏအကြာတွင်တော့ အမတ်ကြီးဦးရာဇက ဧည့်ခန်းအတွင်းသို့ရောက်လာပြီး ဦးသုလျံထိုင်နေသော ကုလားထိုင်၏ ဘေးရှိ ကုလားထိုင်တွင် ဝင်ထိုင်လိုက်သည်။
"မောင်ကျင် ဘာကိစ္စရှိလို့လဲ"
ဦးရာဇက မေးတော့ သံတမန်ရေးရာအမတ်ကြီးက
"ဟို အမတ်ကြီး ကျွန်တော် သားသမီးရေးကိစ္စလေး ဆွေးနွေးချင်လို့ပါ"
သံတမန်ရေးရာအမတ်ကြီး၏ စကားအဆုံး ဦးရာဇနှင့် ဦးသုလျံတို့ အံ့ဩသွားကြသည်။
"ဘယ်လို"
"ဟို နားနဲ့မနာ ဖဝါးနဲ့နာပါ အမတ်ကြီး ကျွန်တော်မျိုး ရဲ့ သားကို အမတ်ကြီးရဲ့သား ကိုစောမောင်ရဲ့ ကိုယ်လုပ်တော်အဖြစ်နဲ့ အခစားဝင်စေချင်လို့ပါ"
အမတ်ကြီးဦးရာဇက ဦးသုလျံထည့်ပေးထားသည့် ရေနွေးခွက်အတွင်းမှ ရေနွေးတစ်ငုံကို သောက်လိုက်ပြီး ဦးကျင်အား ပြောလိုက်သည်။
"ဒီအမတ်ကြီးရဲ့သားနဲ့ မောင်ကျင့်ရဲ့သားက ရည်ငံနေကြတာလား ... ဒီကိစ္စကို ဒီအမတ်ကြီးရဲ့ သားကရော သိပြီးပြီလား"
ဦးရာဇကမေးတော့ အမတ်ကြီးက အိုးတိုးအန်းတန်းဖြစ်သွားသည်။
"မောင်စောမောင်က မသိသေးပါဘူး ... ကျွန်တော့်ရဲ့သားလေးက မောင်စောမောင်ဆီမှာ ကိုယ်လုပ်တော်အဖြစ်အခစားဝင်ချင်တာပါ "
ဦးရာဇက သူသဘောပေါက်သည့်အကြောင်း ခေါင်းညိတ်ပြသည်။
"ဒါက ဒီအမတ်ကြီးစီစဉ်ပေးနိုင်တဲ့ ကိစ္စမျိုးမဟုတ်ဘူး ... ကာယကံရှင်ဖြစ်တဲ့ စောမောင်ကို မေးမှပဲရမယ် ... တကယ်လို့ စောမောင်က လက်မခံဘူးဆိုရင် ဒီအမတ်ကြီးလည်းအတင်းအကျပ်မလုပ်နိုင်ဘူး ... မောင်ကျင် ဒါကိုတော့သိစေချင်တယ်"
YOU ARE READING
မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး(COMPLETED)
Lãng mạnဒါကတော့ ကိုယ့်ရဲ့ ဒုတိယမြောက်ဖန်တီးခြင်းပါ။