Chapter 2_U

34.1K 2.3K 201
                                    

ညက အလွန်အေးလွန်းသည်။

စောင်ပါးလေးတစ်ထည်သာ ခြုံထားသည့် ဟန်မင်းမောင်တစ်ယောက် ကြမ်းခင်းအဆင်မပြေသည်ကတစ်ကြောင်း ၊ စောင်ပါးလေး သာခြုံထားရသည်မို့ အေးသည်က တစ်ကြောင်း ဟိုလှိမ့်သည်လှိမ့်ဖြင့် အိပ်မပျော်နိုင်ဘဲဖြစ်နေသည်။

မူလပိုင်ရှင်ဟန်မင်းက ကိုစောမောင်နောက်လိုက်လာသည့်အချိန်တွင် အနွေးထည်နှစ်ထည်သာထည့်လာခဲ့သည်။

သူ့အဖေ သို့မဟုတ် သူချစ်ရသော ကိုမင်းယံက သူ့အားပြန်လိုက်ခေါ်မည်ဆိုသော မျှော်လင့်ချက်ကလေးရှိခဲ့တာကြောင့် အဝတ်အစားလည်း များများစားစားမထည့်လာခဲ့။

လက်ဝတ်လက်စားအချို့၊ သူ့အဖေပေးသော ငွေအချို့ နှင့် အဝတ်အစား အနည်းငယ်သာထည့်လာခဲ့တာဖြစ်သည်။

မူလပိုင်ရှင်ယူလာခဲ့သည့် အနွေးထည်များက တကယ့်တကယ်တမ်း အေးလာသည့်အချိန်တွင် အအေးဒဏ်ကို အံမတုနိုင်တော့။

ကိုစောမောင်ကလား?။

မူလပိုင်ရှင်က နှင်ထုတ်ထားတာကြောင့် တဲအပြင်က ကွပ်ပျစ်မှာအိပ်နေသည်တဲ့လေ။

စောင်မပါ အခင်းမပါနဲ့ ဘယ်လိုများအိပ်နိုင်လဲမသိ။

အရင်ရက်တွေတုန်းက ဟန်လေးလည်းကူးပြောင်းလာကာစ ပတ်ဝန်းကျင်နဲ့ အသားမကျသေးသည့်အပြင် အိမ်ကလူတွေနှင့် ခွဲခဲ့ရတာကြောင့် ကိုယ့်အပူနှင့်ကိုယ် ငိုကြွေးနေရသဖြင့် ကိုစောမောင်ကိုလည်း ဂရုမစိုက်မိ။

"ဟင်းးးး"

ဟန်မင်းမောင် မနေနိုင်စွာဖြင့် သက်ပြင်းအရှည်ကြီးချမိပြီး ထထိုင်လိုက်မိသည်။

အပြင်က လူကို အထဲဝင်ရန် ခေါ်ဦးမှပါလေ။

စိတ်ပူလွန်းလို့တော့ မဟုတ်ဘူးနော်။

မတော်တဆ ကိုစောမောင် အအေးပတ်ပြီး လေဖြတ်သွားပါက သူဒီလောကကြီးထဲ ယောင်လည်လည်ကျန်ခဲ့ပြီး မလုပ်တတ်မကိုင်တတ်ဖြင့် ငတ်ပြီးသေသွားမှာ စိုးလို့ပါနော်။

ဟန်မင်းမောင် စောင်ပါးလေးကိုခြုံကာ တဲအပြင်သို့ထွက်လာခဲ့သည်။

မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး(COMPLETED)Where stories live. Discover now