Chapter 10_U 🚨🚨🚨

33.6K 1.9K 213
                                    

Warning : ဒီအပိုင်းမှာ လိင်ဆက်ဆံမှုနှင့်ပတ်သတ်သည့်အသုံးအနှုန်းများစွာပါဝင်တာကြောင့် စာဖတ်သူများအနေဖြင့် ချင့်ချိန်ပြီးမှ ဖတ်စေချင်ပါတယ်။ အသက်မပြည့်သေးသည့် လူငယ်များကတော့ ဖြစ်နိုင်ရင် လုံးဝမဖတ်ပါနဲ့။

နေ့လည်ခင်းရောက်တော့ လင်ခင်ပွန်းနှစ်ယောက်သား ရေမိုးချိုးပြီး နေ့လည်စာစားပြီးကြပြီဖြစ်သည်။

ဟန်လေးက အခန်းအတွင်းလျှော်ပြီးသားအဝတ်များအား ခေါက်နေကာ စောမောင်ကတော့ အဝတ်ခေါက်နေသည့် ဟန်လေးအား အိပ်ယာပေါ်မှ လှဲနေရင်းက ထိုင်ကြည့်နေသည်။

ဆံနွယ်ရှည်တို့အား ခပ်မြင့်မြင့်ထုံးထားကာ သီချင်းလေးတအေးအေးဖြင့် အဝတ်ခေါက်သည့်အလုပ်ထဲ ဈာန်ဝင်နေသည့်ဟန်လေးက စောမောင်၏မျက်လုံးထဲတွင် အလွန့်အလွန်ကိုချစ်ဖို့ကောင်းလွန်းသည်။

"ဟန်လေး အရင်နေခဲ့တဲ့နေရာမှာတုန်းက ချစ်ရမယ့်သူရှိလား"

စောမောင်ကမေးတော့ ဟန်လေးက

"မရှိပါဘူး ... မရှိဘူးဆိုတာကလည်း ဟန်လေးက အချစ်ရေးကိုစိတ်မဝင်စားလို့ပါ ဟန်လေးကိုတော့ စိတ်ဝင်စားတဲ့သူတွေအများကြီးပဲ "

ဟန်လေးတစ်ယောက် ကြွားစိန်မုအွန်လာပါပြီ။

တကယ်လည်း သျှံမင်းမောင်နှင့် ဟန်မင်းမောင်တို့ အမြွှာနှစ်ယောက်က ကျောင်းတွင်နာမည်ကြီးဖြစ်သည်။

"ဟန်လေးက အချစ်ရေးစိတ်မဝင်စားဘူးလား"

"အင်း ကျောင်းတုန်းကစိတ်မဝင်စားပါဘူး ... စိတ်ဝင်စားရမယ့်သူမှ မတွေ့တာကိုး"

"ကိုယ့်အနား လာပါဦး"

စောမောင်က ပြောတော့ ဟန်လေးက နာခံစွာပင် စောမောင်၏ အနားသို့သွားလိုက်သည်။

စောမောင်က အနားရောက်လာသည့် ဟန်လေးအား သူ့ပေါင်ပေါ်သို့ဆွဲတင်ကာထိုင်စေပြီး သူ့ရင်ခွင်ထဲတွင် ပွေ့ဖက်ထားလိုက်၏။

နှစ်ယောက်သား၏ ခန္ဓာကိုယ်အရွယ်အစားက ကွာခြားတာမို့ ဟန်လေးက စောမောင်၏ ရင်ခွင်ကျယ်ကြီးထဲတွင် မြုပ်နေသည်။

မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး(COMPLETED)Where stories live. Discover now