Chapter 5_U

28K 1.9K 114
                                    

"ဟန်လေး အေးနေလား"

အအေးဒဏ်ကြောင့် နီရဲနေသော နှာခေါင်းထိပ်လေးသာ ဖော်ထားကာ စောင်ပါးလေးအား ခြုံထားသည့် ဟန်လေး က ခေါင်းယမ်းပြလာသည်။

"မနက်ကတော့ အေးတယ် ... ဈေးကနေထွက်လာပြီး အကိုဝယ်ပေးတဲ့ စောင်ပါးခြုံထားပြီးကတည်းက ဟန်လေး သိပ်မအေးတော့ဘူး"

စောမောင်က မြင်းလှည်းမောင်းနေရင်းက သူ့ဘေးတွင်ထိုင်နေသော ဟန်လေးကို စောင်းငဲ့ကြည့်ရင်းပြုံးမိသည်။

သယ်လာသည့် ပစ္စည်းများနှင့် မြင်းလှည်းအတွင်းပိုင်းက ပြည့်သွားတာကြောင့် ဟန်လေးက စောမောင်၏ ဘေးတွင် ထိုင်လိုက်လာရသည်။

မနက်ခင်းထွက်လာခဲ့စဉ်က စောမောင် ဟန်လေးကိုကြည့်လိုက်တော့ အတော်လေးအေးနေသည့်ပုံပေါက်တာမို့ ဈေးကိုရောက်တော့ ဟန်လေးအတွက် စောင်ပါးလေးတစ်ထည်ဝယ်ပေးခဲ့၏။

အရင်နေ့က သူတို့ဝယ်ထားသည့် စောင်များက ထူနေပြီး မြင်းလှဲပေါ်တွင် ထိုင်နေရင်းမှခြုံရန်အဆင်မပြေသလို စောမောင်ခြုံနေကြစောင်ပါးကလည်း အတော်ကိုဟောင်းနွမ်းနေကာ အမြင်မသင့်တော်တာမို့ ဟန်လေးအတွက် စောင်ပါးတစ်ထည်ဝယ်ပေးခဲ့ခြင်းဖြစ်သည်။

စောင်ပါးလေးက အနီရဲရဲလေးဖြစ်တာမို့ ဖြူဝင်းနေသော ဟန်လေး၏ ပါးပြင်လေးကနီရဲနေသည်မှာ စောင်မှအရောင်ဟပ်ခြင်းကြောင့်ပင်လား ၊ ရာသီဥတုအေးနေခြင်းကြောင့်ပင်လား မသဲကွဲ။

မျက်လုံးဝိုင်းဝိုင်းလေးများကို ကာရံထားသော ထူထဲကာကော့ညွှတ်နေသည့် မျက်တောင်လေးများက နက်စိုနေကာ မျက်ဆံနက်နက်လေးဖြင့် မျက်လုံးဝိုင်းဝိုင်းလေးက ရွှန်းစိုကာ ကြည်လင်နေပြီးတောက်ပနေသည်။

တဖျတ်ဖျတ်ခတ်နေသည့် မျက်တောင်လေးအောက်က မျက်ဝန်းနက်ကလေးနှင့် အကြည့်ချင်းဆုံမိတော့ စောမောင် အကြည့်မလွှဲချင်။

စောမောင်က ဟန်လေးကိုအတော်ကြာစောင်းငဲ့ကာ ကြည့်နေတာမို့ ဟန်လေး တစ်ယောက်မနေတတ်တော့။

အနည်းငယ်ရှက်သွားကာ မျက်လွှာလေးချမိရင်း အခြားဘေးပတ်ဝန်းကျင်သို့ အကြည့်လွှဲလိုက်မိသည်။

မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး(COMPLETED)Where stories live. Discover now