"အဲတာဆို ကိုသူရက ကျွန်တော့်အဖေ ကျွန်တော့်ကို စောင့်ရှောက်ပေးဖို့ လွှတ်ထားတဲ့ လူယုံပေါ့"
"ဟုတ်ပါတယ် သခင်လေး ... ကျွန်တော် ခက်မမြို့မှာကတည်းက သခင်ကြီးရဲ့အမိန့်နဲ့ သခင်လေးကို စောင့်ကြည့်ပြီး စောင့်ရှောက်နေခဲ့တာပါ ... ဒါပေမဲ့ သခင်ကြီးက သခင်လေးတို့ မရိပ်မိအောင် ခပ်လှမ်းလှမ်းကနေပဲ စောင့်ရှောက်ပေးပါဆိုလို့ ကျွန်တော်သခင်လေးတို့နဲ့ ခပ်ဝေးဝေးကနေပဲ စောင့်ရှောက်ခဲ့ရပါတယ် ... သခင်လေးတို့ ခက်မမြို့ပေါ်ကနေရုတ်တရက် ထွက်သွားတော့ ကျွန်တော် မသိလိုက်ဘူး ... စုံစမ်းတော့လည်း အကိုလေးမြမင်းရဲ့ လက်ချက်နဲ့ သတင်းကအစအနပျောက်နေတယ် ... နောက်တော့ ကိုစိန်ထွန်းနဲ့ဆုံမိတော့မှ ကိုစိန်ထွန်းက ပြောလိုက်လို့ ကျွန်တော်တို့လင်မယားနှစ်ယောက် ကမ်းပါးရွာကို လိုက်လာတာပါ"
"အဲတာဆို ကမ်းပါးရွာမှာကတည်းက ကျွန်တော်တို့အနားမှာရှိတာလား"
ဟန်လေးက မေးတော့ ကိုသူရက ခေါင်းခါသည်။
"မဟုတ်ဘူး ... ကျွန်တော် ကိုစိန်ထွန်းကဆီက သတင်းရပြီး ကမ်းပါးရွာကိုလာတော့ အကိုလေးတို့က ခက်လက်မြို့ပေါ်မှာ ပြောင်းနေနေပြီ ... ဆိုင်တော့ မဖွင့်သေးဘူး"
"ဟန်လေးကို စောင့်ရှောက်ခိုင်းလို့ စောင့်ရှောက်တာဆိုရင်တော့ ပြဿနာမရှိပေမဲ့ အခြားအကြံအစည်မရှိဖို့ ကျွန်တော်မျှော်လင့်တယ်"
စောမောင်၏ လေသံက အနည်းငယ်တင်းမာလို့နေ၏။
"အာ မရှိပါဘူးဗျာ ... ကျွန်တော်တို့က သခင်လေးကို စောင့်ရှောက်ဖို့ ... ကိုစောမောင်ကိုတော့ အားနာပေမဲ့ သခင်လေးကို ကိုစောမောင်က အနိုင်ကျင့်တာရှိမရှိ သခင်ကြီးက ကျွန်တော်တို့ကိုစောင့်ကြည့်ခိုင်းထားတာ ... ကိုစောမောင်ကတကယ်လို့ သခင်လေးကို အနိုင်ကျင့်ရင် သခင်ကြီးက သခင်လေးကို အခြားတစ်နေရာကို ခေါ်သွားမှာ"
မနေ့ညက သခင်ကြီး၏ လူယုံတော်အား သခင်လေးတို့အကြောင်း အစီရင်ခံနေသည်ကို ကိုစောမောင်က တွေ့သွားခဲ့ပြီးနောက် မနက်ရောက်တော့ သခင်လေးက သူရကို ထိုအကြောင်းအား မေးမြန်းလာတာမို့ သူရက သခင်လေးအား အမှန်အတိုင်း ဝန်ခံနေခြင်းပင်။
YOU ARE READING
မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး(COMPLETED)
Lãng mạnဒါကတော့ ကိုယ့်ရဲ့ ဒုတိယမြောက်ဖန်တီးခြင်းပါ။