ညအချိန်တွင်ဖြစ်သည်။
ကလေးနှစ်ယောက်က အပေါ်ထပ်ဧည့်ခန်းတွင် ထောင်ထားသောခြင်ထောင်အတွင်း စာရေးနေကြပြီး လူကြီးသုံးယောက်ကတော့ အောက်ထပ်တွင် ရေနွေးကြမ်းသောက်ရင်း စကားပြောနေကြ၏။
"အဖေ ဒီကိုလာတာ သားတို့မိသားစု အခြေအနေကို လာကြည့်တာအပြင် တခြားကိစ္စတစ်ခု သားတို့ကိုပြောစရာရှိလို့"ဦးမင်း၏ စကားကြောင့် စောမောင်နှင့် ဟန်လေးတို့ စိတ်ဝင်စားသွားကြပြီး နှစ်ယောက်သား လေးနက်စွာ နားထောင်လိုက်ကြသည်။
"လွန်ခဲ့တဲ့လတွေတုန်းက အဖေ မြမင်းရဲ့ အမေတို့ မိသားစုကို ကိုင်တွယ်ပြီး မြမင်းရဲ့ အမေကို ထိန်းချုပ်ခဲ့တယ် ... အဲ့အချိန်မှာ အဖေမထင်မှတ်ဘဲ ကိစ္စတစ်ခုသိလိုက်ရတယ် ... ရွံဖို့ကောင်းတဲ့ အဲ့ဒီမိန်းမက အဖေ့သွေးသားဖြစ်တဲ့ သားကို ကိုယ်ဝန်မဆောင်နိုင်အောင် နှစ်ရှည်လများ သားစားတဲ့ အစားအသောက်တွေထဲ ဆေးထည့်ပြီးလုပ်ကြံထားတယ်"
ဦးမင်း၏ စကားအဆုံး စောမောင်တို့ လင်ခင်ပွန်းနှစ်ယောက်မှာ အံ့ဩသွားကြပြီး ဟန်လေးက အနည်းငယ်တုန်လှုပ်သွားသည်။
စောမောင်ကတော့ ဟန်လေး အဆင်ပြေရဲ့လား ဆိုသည့်အကြည့်နှင့် ဟန်လေးကို စိတ်ပူစွာကြည့်သည်။
ဦးမင်းကတော့ စောမောင်၏ အပြုအမူကြောင့် အနည်းငယ်တော့ စိတ်သက်သာရာရသွား၏။
ကိုယ်ပိုင်သွေးသားမလိုချင်သည့် အိမ်ထောင်သည်ယောက်ျားက ခပ်ရှားရှားပင်။
ကိုယ့်ခင်ပွန်း သို့မဟုတ် အမျိုးသမီးက ကိုယ်ဝန်မဆောင်နိုင်ပါလျှင် ယောက်ျားသားများက အခြားကလေးမွေးနိုင်သည့် အမျိုးသား သို့မဟုတ် အမျိုးသမီးအား ထပ်ယူလိုက်တာပင်။
ထို့ကြောင့် ဦးမင်း ဒီကိစ္စအား ဖွင့်မပြောခင်အချိန်ထိ ရင်တမမနှင့် နေခဲ့ရသည်။
သို့သော်လည်း အခုအကဲခတ်မိသလောက် စောမောင်ကတော့ ထိုသို့လုပ်မည့်ပုံမပေါ်။
စောမောင်၏ အပြုအမူက အရင်ဆုံးသားဖြစ်သူကို စိုးရိမ်ပူပန်စွာကြည့်တာပင်။

YOU ARE READING
မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး(COMPLETED)
Romanceဒါကတော့ ကိုယ့်ရဲ့ ဒုတိယမြောက်ဖန်တီးခြင်းပါ။