Chapter 16_U

24.8K 1.7K 76
                                    

မနက်ခင်း ငါးနာရီခန့်တွင်တော့ ဟန်လေးတို့လင်ခင်ပွန်းနှစ်ယောက် အိပ်ရာထကြပြီး မျက်နှာသစ်သန့်ရှင်းရေးလုပ်ကြသည်။

ဟန်လေးက မီးဖိုချောင်သို့ဝင်ကာ ကလေးနှစ်ယောက်အတွက် ဆန်ပြုတ်အရင်ပြုတ်ပြီး သူတို့လင်ခင်ပွန်းနှစ်ယောက်မနက်စာ စားရန် ထမင်းချက်သည်။

မနေ့ညက ဟင်းအနည်းငယ်ကျန်သေးတာမို့ မနက်စာအတွက် ထမင်းပူပူနှင့် ဟင်းလက်ကျန်များနှင့်သာ စားလိုက်တော့မည်။

မီးဖိုချောင်အတွင်း သံဖြင့်ပြုလုပ်ထားသော ထင်းမီးဖို နှစ်ဖိုရှိတာမို့ ဟန်လေးအတွက် ချက်ပြုတ်ရသည်မှာ အလွန်အဆင်ပြေသည်။

စောမောင်ကတော့ ညက သူတို့လင်ခင်ပွန်းနှစ်ယောက် ချစ်တင်းနှောထားသည့် သက်သေများစွန်းပေနေသည့် အခင်းနှင့် စောင်ကို လျှော်ဖွတ်နေ၏။

ရေချိုးခန်းက ရေတွင်းနှင့် မနီးမဝေးတွင်ဖြစ်ပြီး လွန်ခဲ့သည့်ရက်များကတည်းက စောမောင် ဝါးကပ်များဖြင့်ကာရံကာ ဆောက်ထားခြင်းဖြစ်သည်။

ရေချိုးခန်း၏ ကြမ်းပြင်ကိုတော့ အဝတ်လျှော်ရဖွပ်ရလွယ်အောင် ကျောက်ပြား ခပ်ကြီးကြီးရှာကာ အချောသတ်ထားပြီး ခင်းထားတာဖြစ်သည်။

"အကို သမားတော်ကြီးကို သွားပင့်ရဦးမယ်နော်"

ကျက်သွားသည့် ထမင်းအိုးအား ချကာ ရေနွေးအိုးတည်လိုက်သည့် ဟန်လေးက မီးဖိုချောင်အတွင်းမှ စောမောင်ကို လှမ်းသတိပေးသည်။

"အင်း ... ဒါလေးလှမ်းပြီးရင် သွားမယ်"

ဟန်လေးက သူ့ယောကျ်ားအား သတိပေးသွားပြီမို့ ရေနွေးအိုး တည်နေစဉ် အိမ်ပေါ်သို့တက်သွားပြီး ကလေးနှစ်ယောက်အား ကြည့်တော့ ကလေးနှစ်ယောက်က နိုးနေကြပြီ။

ဟန်လေးကိုမြင်တော့ ကလေးနှစ်ယောက်က အနည်းငယ်လန့်သွားကြပုံပင်။

ကိုယ်လုံးလေးတွေက အနည်းငယ်တုန်လှုပ်သွားကြသည်။

"နိုးပြီလား ... ဗိုက်ဆာနေကြပြီလား"

ဟန်လေးက ပြောတော့အငယ်ကောင်လေးက ခေါင်းညိတ်ပြသော်လည်း အကြီးကောင်လေးကတော့ မတုန်မလှုပ်နှင့် ဟန်လေးကိုသာကြည့်နေသည်။

မြင်းလှည်းသမားရဲ့ ခင်ပွန်းလေး(COMPLETED)Where stories live. Discover now